ကဲ..ဒီနေ့မှာတော့ အလှဘုရင်မ ပျိုမေလေးတွေအတွက် အလှအပရေးရာနဲ့ပတ်သက်ပြီး သတိထား ဆင်ခြင်သင့်တဲ့ ကိုယ့်ရဲ့နေ့စဉ်အပြုအမူတချို့ကို ဝေမျှပေးချင်ပါတယ်။ ကိုယ့်ရဲ့ ဘယ်လို အမူအကျင့်၊ အပြုအမူတွေက ကိုယ့်ကို ပိုပြီးအိုမင်းရင့်ရော်လာစေသလဲဆိုတာကို သိထားရင်လည်း မမှားပါဘူးနော်။

ဒါကြောင့် သင့်ကို အမြန်ဆုံး အိုမင်းရင့်ရော်စေတဲ့ နေ့စဉ်အပြုအမူတွေကို ဆင်ခြင်ရှောင်ရှားနိုင်ဖို့ အတူတူဖတ်ကြည့်လိုက်ရအောင်..

အချိုဓာတ်စားသုံးမှုများခြင်း

အဆာပြေစာတွေ၊ အချိုဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးလေ့ရှိပါတယ်။ ဒါပေမယ့် အမြဲလိုလို စားရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

အဆာပြေစာတွေက အများအားဖြင့် အချိုဓာတ်တွေ၊ သကြားဓာတ်တွေပါဝင်မှုများပါတယ်။ အချိုဓာတ်တွေမှာ Cytokines ဆိုတဲ့ဓာတ်ပါဝင်ပြီး ရောင်ရမ်းစေပါတယ်။ အဲ့ဒီအပြင် ဆီးချို၊ နှလုံးရောဂါနဲ့ ကင်ဆာတို့ကို ဖြစ်စေပါတယ်။

သကြားက အိုမင်းရင့်ရော်စေပြီး အသားအရေတွေ ပွလာပြီး အရေးအကြောင်းတွေ ပိုဖြစ်စေပါတယ်။

အိပ်ရေးပျက် များခြင်း

အရွယ်ရောက်ပြီးတဲ့သူတွေက တစ်နေ့ကို ၇ နာရီကနေ ၉ နာရီကြား အိပ်သင့်ပါတယ်။ အိပ်စက်မှုကြောင့် ထွက်ရှိတဲ့ Melatonin ဟော်မှုန်းဓာတ်က DNA နဲ့ ဆဲလ်တွေကို ပြင်ပေးပါတယ်။

ညအိပ်ချိန် မလုံလောက်တာ အိပ်ရေးပျက်တာများလာရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ အများကြီးဖြစ်စေပါတယ်။ ညတစ်ညလောက် ကောင်းကောင်း မအိပ်ရင် မျက်ကွင်းညိုတာ၊ အသားအရေ မညီတာ၊ အသားအရေည ခြောက်တာတွေ ဖြစ်စေပါတယ်။

ကိုယ့်အတွက်ကို အချိန်ပေးဖို့ မမေ့ပါနဲ့

လူတွေတော်တော်များများက ကိုယ့်ရဲ့ နေ့စဉ်အလုပ်အပေါ်မှာ အာရုံစိုက်မှုများပြီး ပျော်အောင်နေဖို့ မေ့နေကြပါတယ်။ ဒါကြောင့် နေ့တိုင်း ကိုယ့်အတွက် အချိန်ကို ဖယ်ထားပါ။ ပျော်အောင်နေပါ။ ဥပမာ- စာအုပ်ကောင်းကောင်းဖတ်တာ၊ ကိုယ်ကြိုက်တဲ့အစားအစာ စားတာ၊ အနုပညာ သင်တန်းတစ်ခုခု တက်တာတို့လုပ်သင့်ပါတယ်။

အရက်သောက်တာ များခြင်း

တစ်နေ့ကို ဝိုင်အနီတစ်ခွက်သောက်တာက ကျန်းမာရေးအတွက် ကောင်းပေမယ့် တစ်ပုလင်းလုံးသောက်တာတော့ မကောင်းပါဘူး။ အရက်အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ရောင်ရမ်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို နှေးစေပါတယ်။

အရက်သောက်မယ့်အစား ကိုယ့်ဆီမှာ ဖြစ်နေတဲ့ ပြဿနာတွေကို စာရွက်ပေါ်မှာ ရေးချပြီး တစ်ခုချင်းစီ ဖြေရှင်းနိုင်ဖို့ကြိုးစားပါ။ ဒါဆိုရင် ကိုယ့်ကိုကို ပိုပြီး သဘောပေါက်နားလည်ကာ အဖြေရသွားပါလိမ့်မယ်။

ခွင့်မလွှတ်နိုင်ခြင်း

ခွင့်မလွှတ်ဘဲ ရင်ထဲမှာ ကြိတ်ခံစား ဒေါသထွက်နေရင် သင့်ကို ပိုပြီး အိုမင်းရင့်ရော်လာစေပါတယ်။ ဒါကြောင့် တခြား တစ်ယောက်ကို ခွင့်လွှတ်သလို ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်နိုင်အောင် ကြိုးစားရပါမယ်။ ခွင့်လွှတ်ခြင်းက ကိုယ့်စိတ်ကို ထောင်ချောက်ထဲက လွတ်မြောက်အောင် လုပ်ပေးတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ့။