Essential OilEssential OilAnxiety ကို ခံစားနေရတဲ့သူတွေက တစ်ကမ္ဘာလုံးမှာ သန်းနှင့်ချီရှိပါတယ်။ Anxiety ဖြစ်နေရင် နေ့စဉ်လူနေမှုဘဝနဲ့ ကျန်းမာရေးတစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ Essential Oil တချို့ကတော့ ဒီလိုခံစားနေရတဲ့ Anxiety တွေကို လျှော့ချပေးနိုင်ကြောင့် ဖော်ပြထားပါတယ်။

1. Lavender Essential Oil

Lavender Essential Oil ရဲ့အနံ့က ချိုမြိန်တဲ့ Floral အနံ့လေးက လူရဲ့စိတ်ကို သက်တောင့်သက်သာ ဖြစ်စေတဲ့ အာနိသင်ကြောင့် လူကြိုက်များပါတယ်။ လေ့လာမှုတွေအရတော့ Lavender Essential Oil ရဲ့အနံ့က စိုးရိမ်ပူပန်မှုကို လျော့ကျစေပြီး အိပ်ပျော်စေကာ စိတ်တည်ငြိမ်မှုကို ဖန်တီးပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ယေဘူယျစိတ်ဖိစီးမှုပြဿနာတွေ၊ အိပ်ချိန်မမှန်ခြင်း၊ အိပ်မပျော်ခြင်းနဲ့ စိတ်ဖိစီးမှုရှိသူများအတွက် အကျိုးရှိနိုင်ပါတယ်။

2. Rose Essential Oil

Rose Essential Oil က Rosa Damascena နဲ့ အခြားသော နှင်းဆီမျိုးစိတ်တွေရဲ့ အပွင့်တွေကနေ ပြုလုပ်ထားတာပါ။ သူ့ရဲ့အနံ့က Aroma Rich & Floral အနံ့လေးဖြစ်ပြီး Soothing ဖြစ်စေတဲ့ Effect တွေ ရှိပါတယ်။ Anxiety ဖြစ်မှုကို အဓိကသက်သာစေပါတယ်။ အမျိုးသမီးများဆိုရင် Rose Essential Oil ကို ဗိုက်မှာလိမ်းပြီး Massage လုပ်ပေးရင် နာကျင်မှုနဲ့ စိုးရိမ်ပူပန်မှု Anxiety တွေ လျော့ကျသွားစေပါတယ်။

3. Sweet Basil Essential Oil

Sweet Basil Essential Oil က Ocimum Basilicum အပင်ရဲ့အရွက်ကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သူက Spicy အနံ့ရှိပြီး ဆေးဘက်ဝင်အပင်တစ်မျိုးပါ။ Sweet Basil Essential Oil က စိတ်ကို Relax ဖြစ်စေပြီး စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးနိုင်တဲ့အတွက် Anxiety ဖြစ်မှုကို သက်သာစေပါတယ်။

4. Jasmine Essential Oil

Jasmine Essential Oil ကတော့ Jasminum Grandiflorum အပင်ရဲ့အပွင့်တွေနဲ့ ပြုလုပ်ထားတာပါ။ ချိုမြိန်ဆန်းသစ်တဲ့အနံ့ရှိပြီး သူ့ရဲ့ မွှေးပျံ့တဲ့အနံ့ကြောင့် ရေမွှေးနဲ့အလှကုန်တွေမှာ တော်တော်များများ အသုံးပြုကြပါတယ်။ လေ့လာမှုတစ်ခုအရ Jasmine Essential Oil ကို ရှူရှိုက်ခြင်းက စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး Anxiety နဲ့ Stress တွေကို လျှော့ချပေးနိုင်ပါတယ်။

5. Chamomile Essential Oil

Chamomile Essential Oil ကိုတော့ Matricaria Chamomile အပင်ရဲ့ပန်းပွင့်တွေနဲ့ ပြုလုပ်ထားပါတယ်။ စိတ်သက်သာရာရစေပြီး စိတ်ငြိမ်စေတဲ့ Effect တွေရှိတာကြောင့် ရာစုနှစ်များစွာကြာအောင် လူသိများခဲ့ပါတယ်။ သုတေသနပြုချက်များအရ Chamomile add-ons တွေက အပျော့စားမှ အလယ်အလတ် စိတ်ပူပန်မှု Anxiety ပြဿနာများကို သေချာလျှော့ချပေးနိုင်ပါတယ်။