Anxiety ဖြစ်နေရင် ဒီတိုင်းမထားပဲ ဘယ်လိုလျော့ကျအောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားဖို့လိုပါတယ်။ ဒါမှလည်း စိတ်ပင်ပန်းမှုတွေ လျော့ကျပြီး စိတ်ချမ်းသာရမှာပါ။ ဒါကြောင့် Anxiety တွေကို လျှော့ချပစ်နိုင်မယ့် လွယ်ကူသော သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Active ဖြစ်အောင်နေပါ

Anxiety ဖြစ်နေချိန်မှာ ထိုင်းမှိုင်းနေတတ်ကြပါတယ်။ ဒါပေမယ့် ထိုင်းမှိုင်းနေရင် ပိုဆိုးလာပြီး စိတ်ညစ်နွမ်းလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ကြိုးစားပြီး Active ဖြစ်အောင်နေပါ။ ပျော်စရာတွေရှာကြံတွေးပါ၊ ပျော်အောင်နေပါ။ သွက်သွက်လက်လက်နဲ့ တက်ကြွအောင် နေပါ။ တစ်ယောက်ထဲမနေပါနဲ့။

ညဘက်တွေသေချာအိပ်ပါ

အိပ်ရေးပျက်တာတွေ အိပ်မပျော်တာတွေ များလာရင်လည်း စိတ်အခြေအနေ ပိုဆိုးလာစေပါတယ်။ ဒါကြောင့် အိပ်မပျော်လည်း ကြိုးစားပြီးတော့ အိပ်ကြည့်ပါ။ စောစောအကျင့်လုပ်ပြီး အိပ်ပါ။ နောက်ပိုင်းကျ သူ့အလိုလို အိပ်ပျော်လာပါလိမ့်မယ်။ အိပ်ရေးဝအောင်အိပ်ပါ။

တရားထိုင်ပါ

တရားထိုင်တာကတော့ နေ့တိုင်းသာထိုင်ပေးပါ။ အနည်းဆုံ ၁၅ မိနစ်ကနေစပြီး ကိုယ်ထိုင်နိုင်သလောက် ထိုင်ပေးပါ။ တရားဖွင့်ပြီး ထိုင်ပေးရင် ပိုကောင်းပါတယ်။ တစ်ဖြေးဖြေးနဲ့ Anxiety ဖြစ်တာတွေ လျော့ကျလာပြီး စိတ်ကြည်လင်လာမယ်၊ နေလို့ကောင်းလာမယ်၊ စိတ်ပေါ့ပါးပြီး စိတ်ချမ်းသာလာပါမယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

Anxiety ဖြစ်တယ်လို့ခံစားမိတယ်ဆိုတာနဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ။ ဖြေးဖြေးချင်းစီ စိတ်လျော့ကျလာပြီး အဆင်ပြေလာပါလိမ့်မယ်။ စိတ်သက်သာရာ ရလာပါလိမ့်မယ်။

သေချာစားသောက်ပါ

ကိုယ်ခံအားနည်းနေရင်လည်း Anxiety ဖြစ်တာက ပိုဆိုးလာပါတယ်။ ဒါကြောင့် အာဟာရရှိအောင် သေချာစားသောက်ပါ။ မစားနိုင်မသောက်နိုင် မဖြစ်ပါစေနဲ့။ စားသောက်ချင်စိတ်မရှိတဲ့အခါ ကိုယ်ကြိုက်တာလေးတွေကို စားကြည့်ပါ။

Chamomile Tea သောက်ပါ

Chamomile Tea သောက်ပေးခြင်းက စိတ်ဖိစီးမှု Stress တွေ Anxiety ဖြစ်တာတွေ လျော့ကျစေပြီး ညဘက်တွေမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် နေ့တိုင်း Chamomile Tea သောက်ပေးရင်တော့ အကောင်းဆုံးပါပဲ။