ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တဲ့သူတွေအတွက် လွယ်ကူတဲ့ ယောဂကျင့်စဉ်လည်း ဖြစ်သလို၊ အိပ်မပျော်လို့ ကောင်းကောင်းမွန်မွန်လည်း အိပ်ပျော်ချင်တယ်၊ လေ့ကျင့်ခန်းလုပ်ဖို့၊ ယောဂကျင့်ဖို့ကလည်း ပျင်းတယ်ဆိုတဲ့ အပျင်းကြီးသူများအတွက် ကောင်းမွန်စွာအိပ်ပျော်အောင် အိပ်ယာပေါ်မှာပဲလုပ်ရမယ့် ယောဂ ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အိပ်ယာပေါ်မှာလှဲပြီး ခြေထောက်နှစ်ချောင်းကို နံရံမှာကပ်ပြီး ထောင်ထားလိုက်ပါ။ လက်နှစ်ဖက်ကိုဆန့်ထားပြီး မျက်လုံးကိုမှိတ်ထားကာ အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လေးလုပ်ပေးပါ။ အဲ့အနေအထားနဲ့ အနည်းဆုံး ၅ မိနစ်နေပေးပါ။

ဝမ်းဗိုက်နဲ့ ရင်ဘတ်အောက်မှာ ခေါင်းအုံးကိုထားပြီး ပုံမှာပြထားတဲ့အနေအထားအတိုင်း နေပေးရမှာပါ။ ခြေဖနောင့်နှစ်ဖက်လုံးကလည်း တင်ပါးနဲ့ထိနေဖို့ လိုပါတယ်။ လက်နှစ်ဖက်ကိုလည်း အရှေ့ကိုထုတ်ထားပါ။ အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ အဲ့အတိုင်း အနည်းဆုံး ၅ မိနစ်နေပေးပါ။

အိပ်ယာပေါ်မှာ ပက်လက်လှဲပြီး ခြေထောက်နှစ်ဖက်ကိုကွေးကာ ခြေဖဝါးနှစ်ဖက်ကို စုံထိထားလိုက်ပါ။ လက်တစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ဗိုက်ပေါ်တင်ပြီး နောက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ မျက်လုံးမှိတ်ထားပါ။ ပြီးရင်တော့ အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ အဲ့အတိုင်း အနည်းဆုံး ၅ မိနစ်နေပေးပါ။

ဒီသုံးမျိုးလုံးလုပ်ပြီးသွားရင်တော့ စိတ်ရှင်းပြီး ခန္ဓာကိုယ်က နည်းနည်းပေါ့ပါးပြီး နေလို့ကောင်းသွားမယ်။ အိပ်လို့လည်း ပိုကောင်းလာပြီး ကောင်းမွန်စွာနဲ့ အိပ်ပျော်သွားပါလိမ့်မယ်။

Source: www.nykaa.com