Workout မလုပ်ခင်မှာ Skincare နဲ့ပတ်သက်ပြီး လုပ်သင့်တဲ့အရာတွေနဲ့ မလုပ်သင့်တဲ့အရာတွေကို သိထားလို့ရအောင် ဝေမျှပေးလိုက်ပါတယ်။ Workout လုပ်ပြီး အသားအရေပျက်စီးတာမျိုး မဖြစ်ရအောင် ဒီအရာလေးတွေကို ဆင်ခြင်သင့်ပါတယ်နော်။

အရင်ဆုံး Workout မလုပ်ခင်မှာ Skincare နဲ့ပတ်သက်ပြီး လုပ်သင့်တဲ့အရာတွေကို အရင်ပြောပြပေးလိုက်ပါတယ်။

မိတ်ကပ်ဖျက်ပါ

မိတ်ကပ်မဖျက်ပဲ Workout လုပ်တဲ့အခါ ချွေးနဲ့ အညစ်အကြေးနဲ့ မိတ်ကပ်တွေနဲ့ရောပြီး အဆီဖုနဲ့ဝက်ခြံထွက်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် မိတ်ကပ်ဖျက်ပြီးမှ Workout လုပ်သင့်ပါတယ်။

Cleansing သေချာလုပ်ပါ

အပေါ်မှာပြောခဲ့သလိုပဲ မိတ်ကပ်သေချာဖျက်ပြီး မျက်နှာသစ် Cleansing လုပ်ရပါမယ်။ ဒီလို Cleansing သေချာလုပ်ပေးခြင်းက ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တာမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

Hydration

မိတ်ကပ်ဖျက်ပြီး Cleansing လုပ်ပြီးပြီဆိုရင်လည်း Toner လိမ်းပြီး အရမ်း Heavy မဖြစ်နဲပ Moisturizer လိမ်းပေးပါ။

Sunscreen

အပြင်ထွက်ပြီး Workout လုပ်တာမျိုး၊ Gym သွားဆော့တာမျိုးဆိုရင် ညနေ 4 နာရီနောက်ပိုင်းကလွဲပြီး ကျန်တဲ့အချိန်ဆိုရင် Sunscreen လိမ်းပေးရပါမယ်။ ဒါမှ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးမှာပါ။

နောက်တစ်ခုကတော့ Workout မလုပ်ခင်မှာ Skincare နဲ့ပတ်သက်ပြီး မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Heavy Products

အပေါ်မှာပြောခဲ့သလို Workout မလုပ်ခင် Skincare လိမ်းတဲ့အခါမှာ Heavy ဖြစ်တဲ့ Moisturizer လိမ်းတာမျိုးတွေ၊ Serum, Oil လိမ်းတာမျိုးတွေကို မလုပ်သင့်ပါဘူး။ ချွေးနဲ့ရောပြီး အဆီဖုထတာ၊ ဝက်ခြံထွက်တာတွေ ဖြစ်စေပါတယ်။

Exfoliation

Workout မလုပ်ခင်မှာ မျက်နှာသစ်ပြီးတဲ့အပြင် Exfoliation ပါထပ်လုပ်တာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ Workout နေစဉ် ချွေးကအရမ်းထွက်တဲ့အတွက် အသားအရေယားယံတာ၊ စပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။