ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည်တွေ ရှိမှာပါနော်။ ကိုယ်သုံးနေတဲ့ခေါင်းလျှော်ရည်တွေ ဆံပင်ထိန်းသိမ်းနည်းတွေက သိပ်အဆင်မပြေတဲ့အခါ ဆံပင်ကျွတ်တာတွေ ဆံပင်ပါးတာတွေ ဗောက်ထတာတွေဖြစ်စေလို့ ခေါင်းလျှော်ရည်ကို စနစ်တကျရွေးချယ်ပြီး ဆံပင်ထိန်းသိမ်းပေးဖို့လိုပါတယ်။

ကော်ဖီ

ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓါတ်ဟာ ဆံပင်ကို အရှည်မြန်စေပါတယ်။ ဆံပင်ကို နူးညံ့စေတဲ့အပြင် ပျော့ပြောင်းသန်မာစေပါတယ်။ ဦးရေပြားတွင်းသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဆံပင်ပေါက်တဲ့ Follicle လေးတွေကို သန်မာစေလို့ ဆံပင်ကိုအရှည်မြန်ပြီး သန်မာစေပါတယ်။

ကော်ဖီခေါင်းလျှော်ရည်ပြုလုပ်နည်း

ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း ၁/၂

ခေါင်ေးလျှာ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ ခေါင်းလျှော်ရည်ကိုထည့်လိုက်ပါ။ အဲဒီနောက် ကော်ဖီမှုန့်ကိုထည့်ပါ။ ပြီးရင်သေချာမွှေပေးပါ။ ဆံပင်ကိုရေဆိုအောင်လုပ်ပြီး စောစောကလုပ်ထားတဲ့ ကော်ဖီမှုန့် ခေါင်းလျှော်ရည်ကို ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ နှံ့စပ်အောင်လိမ်းပေးပါ။

ပြီးရင် ၅ မိနစ်လောက်ထားပြီ ရေးဆေးချပါ။

တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပါ။ ဆံပင်တွေအရှည်မြန်စေပြီး တောက်ပြောင်လာမှာဖြစ်ပါတယ်။