ကိုယ်နေ့စဉ်လုပ်နေမိတဲ့ အလေ့အကျင့် Daily Habit တွေကလည်း ကိုယ့်ရဲ့အလှအပကို ထိခိုက်စေတဲ့အရာတွေ ဖြစ်နေနိုင်ပါတယ်။ အထူးသဖြင့်တော့ ဒီ Daily Habit တွေက အလှအပရေးရာကို ထိခိုက်စေနိုင်ပါတယ်။

သွားသေချာမတိုက်ခြင်း

တစ်နေ့နှစ်ကြိမ် နည်းစနစ်မှန်မှန်နဲ့ သွားသေချာမတိုက်ဘူးဆိုရင် ခံတွင်းအနံ့နံတာ၊ သွားတွေဝါညစ်လာတာ၊ သွားပိုးစားလာတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုတွေဖြစ်လာရင် သွားကျန်းမာရေးကို ထိခိုက်စေသလို ကိုယ့်ရဲ့အလှအပကိုလည်း ထိခိုက်စေပါတယ်။ သွားလေးတွဖြူနေတော့ ပြုံးလိုက်တိုင်း ပိုလှတာပေါ့။

Sunscreen မလိမ်းခြင်း

Sunscreen သေချာမလိမ်းရင် ဖြစ်လာမှာကတော့ အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာပြီး တင်းတိတ်နဲ့ အမဲစက်တွေ နေလောင်တာတွေ ဖြစ်လာမှာပါ။ ဒီလိုအသားအရေထိခိုက်သွားရင် ကောင်းအောင်ပြန်လုပ်ဖို့က ခက်ခဲပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ဖို့က အရေးကြီးပါတယ်။

ဝက်ခြံတွေကိုလက်နဲ့ကလိခြင်း

အလှအပကို ထိခိုက်စေနိုင်တဲ့ နောက်ထပ် Daily Habit ကတော့ ဝက်ခြံထွက်ရင် လက်နဲ့ကလိတာ၊ ဆိတ်တာတွေ လုပ်ကြတာပါပဲ။ ဒီလိုလုပ်တာက ဝက်ခြံတွေပိုပွားလာပြီး အမာရွတ်ကျန်စေပါတယ်။

မျက်နှာမသစ်ပဲညအိပ်ခြင်း

မျက်နှာမသစ်ပဲညအိပ်ရင် အသားအရေညစ်ပြီး ဝက်ခြံတွေ အဆီဖုတွေ ထွက်လာမယ်၊ အရေးအကြောင်းတွေလည်း အမြန်ဖြစ်လာစေပါတယ်။ ဒါကြောင့် တစ်နေကုန်ကပ်နေတဲ့ အညစ်အကြေးတွေ မိတ်ကပ်အကြွင်းအကျန်တွေကို သေချာ Cleansing လုပ်ပြီး မျက်နှာသစ်ပါ။

Skincare လုပ်ရမှာပျင်းခြင်း

Skincare လုပ်ရမှာပျင်းရင်တော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာပြီး အသားအရေပျက်စီးလာပါမယ်။ အဲ့ကျမှ Skin ပြန်ကောင်းချင်လို့လုပ်မယ်ဆိုရင်လည်း အရင်လိုပြန်ဖြစ်ဖို့က မလွယ်ကူတော့ပါဘူး။

အဆီများတာတွေစားခြင်း

Daily Habit ထဲမှာ တော်တော်များများလုပ်ကြတာကတော့ အဆီများတာတွေ စားတာပါပဲ။ အဆီများတာတွေစားပြီး ဝိတ်တက်ပြီးဝလာတော့မှ စိတ်ညစ်နေရတာမျိုးမဖြစ်အောင် အစထဲက အစားအသောက်ကို သေချာဆင်ခြင်ပြီး စားမယ်ဆိုရင် ခန္ဓာကိုယ်ကိုလည်း ထိန်းပြီးသားဖြစ်မှာပါ။