ရေကူးဝတ်စုံရွေးချယ်တဲ့အခါမှာ အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ အမှားတချို့ကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ ကိုယ်လည်း အမှားတွေလုပ်နေမိတာရှိရင် ပြင်လို့ရမှာပါ။

ဝတ်စုံမှားရွေးခြင်း

အားကစားတစ်ခုလိုမျိုး ရေကူးတဲ့အခါမှာ ပထမပုံထဲကလို ရေကူးဝတ်စုံက အဆင်မပြေပါဘူး။ ဒုတိယပုံထဲကလို ရေကူးဝတ်စုံမျိုးနဲ့မှ အဆင်ပြေမှာပါ။

ဂုတ်သိုင်းကြိုးနဲ့ဝတ်ခြင်း

ရေကူးတဲ့အခါ ပထမပုံထဲကလို ဂုတ်သိုင်းကြိုးနဲ့ အလှရေကူးဝတ်စုံက ဓာတ်ပုံရိုက်တဲ့အချိန်လောက်ပဲ အဆင်ပြေပါတယ်။ တကယ်ရေကြာကြာကူးမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒုတိယပုံထဲလိုမျိုးက ပိုအဆင်ပြေပါလိမ့်မယ်။

Size ကြီးနေခြင်း

ရေကူးဝတ်စုံမှာ size ကြီးနေတာမျိုးဆိုရင် ရေကူးတဲ့အခါ သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ကိုယ့် size နဲ့ ကွက်တိဖြစ်ပြီး ချပ်ကပ်နေတာမျိုးမှ အဆင်ပြေတာပါ။

Size တူတဲ့ 2-piece ဝယ်ခြင်း

Body က တစ်ယောက်နဲ့တစ်ယောက် ပုံစံမတူပါဘူး။ တချို့က အပေါ်ပိုင်းကြီးပြီး အောက်ပိုင်းသေးတာမျိုး ရှိသလို၊ အပေါ်ပိုင်းသေးပြီး အောက်ပိုင်းကြီးတာမျိုးလည်း ရှိပါတယ်။ ဒီလိုမျိုးဆိုရင် Size တူတဲ့ 2-piece ကို ဝယ်လိုက်မိတဲ့အခါ အပေါ်ပိုင်းအဆင်ပြေပြီး အောက်ပိုင်းကချောင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Body Shape ညီရင်တော့ ဒါက ကိစ္စမရှိပါဘူး။

Quality ကိုမကြည့်ခြင်း

ကိုယ်က ရေကူးဝတ်စုံကို အလှရိုက်ဖို့ တစ်ခါလောက်ရေစိမ်ဖို့ပဲ သုံးမယ်ဆိုရင်တော့ Quality ကို သိပ်ကြည့်စရာမလိုပါဘူး။ ဒါပေမယ့် ကိုယ်က ရေလည်းကူးတတ်တယ်၊ ခဏခဏလည်း ရေကူးလေ့ရှိတယ်ဆိုရင်တော့ ရေကူးဝတ်စုံဝယ်တဲ့အခါမှာ Quality ကိုကြည့်ပြီးဝယ်ပါ။ Quality မကောင်းရင် တစ်ခါလောက်ဝတ်ပြီး ရွဲသွားတာမျိုး ဖြစ်လာပါလိမ့်မယ်။

ရေကူးဝတ်စုံကိုမလျှော်ခြင်း

တချို့ရေကူးဝတ်စုံတွေက ရေစိမ်လိုက်ရင် အရောင်မှိန်သွားတာ၊ အရောင်ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ရေကူးဝတ်စုံကို ရှာလကာရည်နဲ့ ရေနဲ့ ရောပြီးတော့ စိမ်ပါ။ ပြီးရင် ခြောက်အောင်လှမ်းထားပြီးမှ ဝတ်ပါ။ ဒါဆိုရင် အရောင်မှိန်တာမျိုးတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။