မုန်လာဥမှာက အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်မှာအူလမ်းကြောင်းကို ရှင်းပေးနိုင်တဲ့အပြင် ဇီဝဖြစ်ပျက်မှုစနစ်လည်း အားကောင်းစေပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဓာတ်တွေဖြစ်တဲ့ ဇင့်ဓာတ်၊ ဗီတာမင် အေ, စီ, ကေတို့ပြည့်ဝစွာ ပါဝင်ပါတယ်။ မုန်လာဥနီဖျော်ရည်ကို တစ်ချို့လူတွေက မုန့်လာဥနီကို အစိမ်းသောက်တာမျိုးကို လုံးဝမသောက်ချင်ကြပါဘူး။ ဟင်းချက်တဲ့အခါမှာ ပါတယ်ဆိုရဲ့လေးပဲ ထည့်ချက်ပြီးစားတာမျိုးတို့ လုပ်လေ့လုပ်ထရှိကြပါတယ်။ မုန်လာဥနီဖျော်ရည်က အသည်းအဆီဖုံးတာကို လျော့ချနိုင်ပြီး  အဆိတ်အတောက်တွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

ဝိတ်လျော့နေတဲ့သူတွေအတွက်လည်း အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပြီး ကယ်လိုရီတွေလျော့ကျပြီး ခန္ဓာကိုယ်အလေးချိန်လည်း လျော့ချပေးနိုင်ပါတယ်။ ကင်ဆာဖြစ်စေတဲ့ ဆဲလ်များကိုလည်း လျော့ကျနှေးကွေးစေနိုင်တဲ့အတွက် အသက်ကြီးတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ပိုတက်စီယမ်တွေပါဝင်တဲ့အတွက် ကိုယ်လက်စထရောကို ထိန်းချုပ်နိုင်တဲ့အတွက် နှလုံးကျန်းမာရေးကိုလည်းအထူးကောင်းမွန်စေပါတယ်။မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင်အေကလည်း အရိုးအဆစ်တွေကို သန်မာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကျန်းမာဖို့အတွက် မုန်လာဥနီဖျော်ရည် တစ်ခွက်ကိုတော့ ကျန်းမာရေးအနေနဲ့ အထူးသောက်ပေးသင့်ပါတယ်။

Photo Source – free.pik