မင်္ဂလာပါနော်။ လမ်းလျှောက်တာက သိပ်အားစိုက်စရာမလိုတဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ပုံမှန်လမ်းလျှောက်ပေးတာက သွေးလည်ပတ်မှုကောင်းစေသလို ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိတာမို့ ကြွက်သားတွေကျစ်လျစ်ပြီး ကိုယ်ရည်စစ်စေမှာပါ။ ဒါ့အပြင် တစ်ခုခုစားပြီးတိုင်း မိနစ်၂၀ လောက် လမ်းလျှောက်ပေးတာကလည်း သင့်အတွက် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်နော်။

Photo Source: iStock

များသောအားဖြင့် ထမင်းစားပြီးချိန်ဆို ချက်ချင်းပြန်ထိုင်ပြီး အလုပ်လုပ်တာ ဒါမှမဟုတ် ခန္ဓာကိုယ်လေးပြီး လှဲမိတာတွေ လုပ်တတ်ကြပါတယ်။ သင်က ဝိတ်လည်းကျချင်တယ်၊ အစားလည်းအရမ်းမလျှော့နိုင်ဘူးဆိုရင် ဒါတွေကိုရှောင်ပြီး အနည်းဆုံး မိနစ် ၂၀ လောက် လမ်းလျှောက်ပေးဖို့ လိုပါတယ်။


ဘာကြောင့်လိုအပ်တာလဲဆိုရင်တော့ လူတစ်ယောက်ဟာ ဝိတ်ကျဖို့အတွက် ကိုယ့်ရဲ့တစ်နေ့စားနေကျ ကယ်လိုရီထက်နည်းအောင် လျှော့စားပေးရပါတယ်။ တကယ်လို့ သင်က ပုံမှန်စားနေကျ ကယ်လိုရီကို မလျှော့နိုင်ရင် စားလိုက်တဲ့ကယ်လိုရီတွေ လောင်ကျွမ်းသွားအောင် လုပ်ပေးဖို့လိုလာပါပြီ။

စားပြီးပြီးချင်း လမ်းလျှောက်ပေးလိုက်တာက အစာချေမြန်စေသလို ကယ်လိုရီလည်း လောင်ကျွမ်းစေတာမို့ တစ်နည်းအားဖြင့် ဝိတ်ထိန်းပြီးသား ဖြစ်စေမှာပါ။

Photo Source: podoactiva.com

နောက်ထပ် လမ်းပုံမှန်လျှောက်ပေးခြင်းက ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေအနေနဲ့ဆိုရင် သင့်ကို Stress လျာ့ကျပြီး တစ်နေ့လုံး Mood ကောင်းနေစေသလို စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ဒါကြောင့်မို့ ပျိုမေတို့အားလုံးလည်း စားပြီးလမ်းပုံမှန်လျှောက်တတ်တဲ့ အလေ့အကျင့်ရအောင် အကျင့်လုပ်ထားဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar