အသားအရေနဲ့ အလှအပရေးရာအတွက် ငှက်ပျောသီးအခွံရဲ့ အသုံးဝင်နေပုံတွေကို ပြောပြပေးလိုက်ပါတယ်။ ငွေကုန်သက်သာပြီး ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေ ဖြစ်တာကြောင့် လူတိုင်းအတွက် အသုံးဝင်စေမှာပါ။

ဝက်ခြံ

ငှက်ပျောသီးအခွံမှာက vitamin C နဲ့ vitamin E ပါဝင်ပြီး potassium, zinc, iron, manganese စတဲ့ဓာတ်တွေလည်း ပါဝင်တာကြောင့် ဝက်ခြံသက်သာစေပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ငှက်ပျောသီးအခွံကို ဝက်ခြံပေါ်ပွတ်ပြီး ၅ မိနစ်၊ ၁၀ မိနစ်လောက် အုပ်ထားလိုက်ပါ။ အချိန်ပြည့်ရင် ရေနဲ့သန့်စင်လိုက်ပါ။ တစ်နေ့ကို ၂ ကြိမ် ပုံမှန်လုပ်ပေးရမှာပါ။

အရေးအကြောင်း

မျက်နှာပေါ်က အရေးအကြောင်းတွေ သက်သာပြီး အသားအရေတင်းရင်းစေဖို့ ငှက်ပျောသီးအခွံနဲ့ ပွတ်ပေးပြီး မိနစ် ၃၀ လောက် skin ပေါ်တင်ထားပေးပါ။ ပြီးမှ မျက်နှာသစ်ပြီး ကိုယ်လိမ်းနေကျ skincare လိမ်းပေးပါ။ ဒီနည်းလမ်းကိုတော့ ညပိုင်းမှာ လုပ်ရမှာပါ။ တစ်ပတ်မှာ ၃ ကြိမ်လုပ်ပေးရင်ရပါပြီ။

သွားဝါတာ

သွားဝါတာအတွက် ငှက်ပျောသီးအခွံနဲ့ ၂ မိနစ်လောက် သွားကိုပွတ်တိုက်ပေးရမှာပါ။ ဒီနည်းလမ်းကတော့ လူတိုင်းသိပါတယ်။ ဒါပေမယ့် ခဏလေးလုပ်ရုံနဲ့တော့ သွားဝါတာက သက်သာမှာမဟုတ်ပါဘူး။ နေ့တိုင်း တစ်နေ့ကို အကြိမ်ကြိမ် လုပ်ပေးရမှာဖြစ်ပါတယ်။

အမာရွတ်

အမာရွတ်တွေပါးသွားစေဖို့အတွက်လည်း ငှက်ပျောသီးအခွံကို သုံးလို့ရပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ ငှက်ပျောသီးအခွံနဲ့ အမာရွတ်ပေါ်ကို ပွတ်ပေးပြီး ရေပြန်မဆေးပဲ ၁ နာရီ (သို့) တစ်ညလုံးထားပါ။ တစ်နေ့ထဲမှာတင် သတိရရင်ရသလိုသာ ခဏခဏပွတ်ပေးနေပါ။ နေ့တိုင်းလုပ်ပေးမှ အမာရွတ်တွေပါးလာမှာပါ။

အရေပြားယားယံတာ

အရေပြားယားယံတာမျိုးတွေ ဖြစ်နေရင် ယားတဲ့နေရာကို ငှက်ပျောသီးအခွံနဲ့ ပွတ်ပေးပါ။ ပွတ်ပေးပြီး ၁၀ မိနစ်လောက်ထားပါ။ အချိန်ပြည့်မှ ရေဆေးချလိုက်ပါ။ အရေပြားယားယံတာ သက်သာစေပါတယ်။ ခြင်ကိုက်ပြီး ယားတာလည်း သက်သာစေပါတယ်။

source:www.brightside.me