ဝိတ်ကျချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ရမှာလည်း ပျင်းသလို Diet လည်း မလုပ်ချင်တဲ့သူတွေ အများကြီးရှိမှာပါ။ ဒါကြောင့် Diet လုပ်စရာမလိုပဲ ဝိတ်ကျလာစေဖို့ကူညီပေးမယ့် အထောက်အကူဖြစ်စေတဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

ပုံမှန်ထက်ပိုပြီး ရေကိုသာများများသောက်ပါ။ အားနေရင်ရေသောက်ပါ။ သတိရတိုင်းရေသောက်ပါ။ ရေများများသောက်လေ ဝိတ်ကျစေဖို့အတွက် အထောက်အကူဖြစ်လေပါပဲ။

အချိုရည်မသောက်ပါနဲ့

အချိုရည်တွေ၊ Soda ပါတာတွေ၊ သကြားပါတာတွေက ဝိတ်တက်စေပါတယ်။ ဒါကြောင့် အချိုရည်သောက်မယ့်အစား အသီးတွေကိုဖျော်သောက်ပါ။ ဝိတ်ကျစေသလို အသားအရေလည်းလှစေပါတယ်။

အထိုင်မများပါစေနဲ့

အဓိကကတော့ ဘယ်လောက်ပဲ Diet လုပ်နေပါစေ ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိပဲ အထိုင်များနေရင် အဆီတွေပိုစုလာမှာပါ။ ဒါကြောင့် အထိုင်မများပါစေနဲ့။ လှုပ်လှုပ်ရှားရှားနေပေးပါ။

နေ့တိုင်းလမ်းလျှောက်ပါ

လေ့ကျင့်ခန်းလုပ်ရမှာပျင်းလို့ မလုပ်ချင်ရင်လည်း လမ်းတော့နေ့တိုင်းလျှောက်ပေးပါ။ နေ့တိုင်းလမ်းလျှောက်ပေးရင် သိသိသာသာ ဝိတ်ကျလာစေပါတယ်။

ရေကူးပါ

လေ့ကျင့်ခန်းတွေမလုပ်ချင်ရင် ရေကူးတတ်တဲ့သူဆိုရင် ရေကူးပါ။ ရေကူးတာက ဝိတ်ကျစေပြီး ကိုယ်ရည်စစ်ကာ ပိန်သွားစေပါတယ်။

အိပ်ချိန်စားချိန်ပုံမှန်ထားပါ

အိပ်ချိန်မမှန်ရင်၊ အိပ်ရေးပျက်ရင် အဝလွန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ စားချိန်မမှန်ရင်တော့ နောက်ကျတာနဲ့ ညဘက်တွေမှာစားမိတာမျိုးတွေ၊ ခဏခဏဗိုက်ဆာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်စားချိန် ပုံမှန်ရှိဖို့ကလည်း အရေးကြီးပါတယ်။

ဖြေးဖြေးချင်းဝါးစားပါ

အစားအသောက်စားတဲ့အခါမှာ မြန်မြန်မစားပါနဲ့။ မြန်မြန်စားရင် အစာပိုဝင်ပါတယ်။ ဒါကြောင့် နည်းနည်းချင်းစီယူပြီး ဖြေးဖြေးချင်းစီ သေချာဝါးစားပါ။ ပုံမှန်ထက်ပိုပြီး အစားနည်းသွားပါလိမ့်မယ်။ ဒီတော့ ဝိတ်ကျစေဖို့လည်း အထောက်အကူဖြစ်စေတာပေါ့။

မနက်စာမစားပဲမနေပါနဲ့

မနက်စာမစားရင် နေ့လည်စာစောစောစားမိပါမယ်။ ပြီးရင် ခဏခဏဗိုက်ပြန်ဆာလို့ တစ်ခုပြီးတစ်ခု စားမိနေမှာပါ။ မနက်စာမစားပဲနေတာက ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။ ဒါကြောင့် မနက်စာကို သေချာအာဟာရပြည့်ဝအောင် စားပေးပါ။

အသီးအနှံနဲ့ဟင်းသီးဟင်းရွက်များများစားပါ

တစ်နေ့တာမှာ အချိုမုန့်တွေ၊ အဆီအစိမ့်တွေကိုပဲ သရေစာအနေနဲ့ စားနေမယ့်အစား အသီးအနှံတွေကို အစားထိုးစားပါ။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ အချိုမုန့်တွေ အရမ်းစားချင်လာတဲ့အခါကျ အာသာပြေအောင် နည်းနည်းလောက်စားလိုက်ပါ။