လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်စရာမလိုပဲ အဆီကျဗိုက်ချပ်လာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းလုပ်သလောက်တော့ Result က မြန်မှာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ရည်ရှည်နဲ့ သေချာပုံမှန်လုပ်ပေးရင်တော့ ဖြေးဖြေးချင်းစီ အဆီကျဗိုက်ချပ်လာမှာပါ။

ဖြေးဖြေးချင်းဝါးပါ

အစားစားရင် ပန်းကန်အသေးနဲ့ နည်းနည်းပဲထည့်ပြီး စားတဲ့အခါမှာလည်း မြန်မြန်မစားပဲ ဖြေးဖြေးချင်း ဝါးစားပါ။ ဒီလိုလုပ်ပေးခြင်းက အစာများများမစားဖြစ်ပါဘူး။

ရေများများသောက်ပါ

ရေကိုသောက်နေကျထက်ကိုပိုပြီး များများသောက်ပေးပါ။ ရေများများသောက်လေ ကိုယ်ရည်စစ်လေပါပဲ။ Detox Water လည်းသောက်ပေးပါ။ အဆီကျစေဖို့ အများကြီးအထောက်အကူပြုပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်တာ၊ အိပ်ချိန်မမှန်တာတွေကြောင့်လည်း Body Weight တက်လာတာမျိုး ဖြစ်တတ်ပါတယ်။ Stress တွေလည်း မများပါစေနဲ့။

လမ်းများများလျှောက်ပါ

လေ့ကျင့်ခန်းမလုပ်ချင်ရင်တော့ လမ်းများများလျှောက်ပေးရပါမယ်။ အထိုင်များရင် ဗိုက်ပူပြီး ဗိုက်ခေါက်ထွက်စေပါတယ်။ ဒါကြောင့် နေ့တိုင်း လမ်းများများလျှောက်ပေးပါ။

အသီးအရွက်၊ အသီးအနှံတွေများများစားပါ

အသီးအရွက်၊ အသီးအနှံတွေကို နေ့တိုင်းများများစားပေးမယ်ဆိုရင် ဝိတ်ကျပြီး အဆီလည်းကျလာမယ်၊ ဗိုက်အဆီတွေလည်းကျပြီး တဖြည်းဖြည်းနဲ့ ဗိုက်ချပ်လာပါမယ်။ ထမင်းနည်းနည်း အသီးအရွက်များများ စားပေးပါ။ ညဘက်တွေဗိုက်ဆာရင် အသီးစားပေးပါ။

ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကိုစားပါ

ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကိုစားရင် ဗိုက်ခဏခဏမစာတဲ့အတွက် အစားလည်း ခဏခဏမစားမိတော့ပါဘူး။ ဒီတော့ အဆီကျပြီး ဗိုက်လည်းချပ်လာပါမယ်။