တစ်ရက်မှာ တစ်ပေါင်ကျမယ်ဆိုရင် ၁၀ ရက်ဆိုတော့ ၁၀ ပေါင်ကျနိုင်မယ့် နည်းလမ်းကောင်းပါပဲ။ ဒါပေမဲ့ ဒီလိုဝိတ်ကျဖို့ဆိုရင်တော့ အစားအသောက် ရွေးချယ်စားသုံးမှုကလည်း အရေးကြီးသလို နေ့စဉ်နေထိုင်မှုပုံစံကလည်း ကျန်းမာရေးနဲ့ ညီညွှတ်နေဖို့ လိုပါတယ်။

တစ်နေ့ကို တစ်ပေါင်ကျဖို့ဆိုရင် တစ်ရက်ကို ကယ်လိုရီ ၃၅၀၀ ခန့် လောင်ကျွမ်းပေးဖို့ လိုပါတယ်။ ကျန်းမာဖျတ်လတ်နေတဲ့ အမျိုးသမီးတစ်ဦးက တစ်နေ့ကို ကယ်လိုရီ ၂၀၀၀ – ၂၅၀၀ ခန့် စားသုံးလေ့ရှိပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ကယ်လိုရီ ၃၅၀၀ ခန့် လောင်ကျွမ်းပေးဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

ဒီလို တစ်ရက်ကို ကယ်လိုရီ ၃၅၀၀ လောင်ကျွမ်းဖို့ဆိုရင် တစ်နေ့လုံးအစာရှောင်ရမယ့်အပြင် Gym ခန်းမမှာလည်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုနည်းလမ်းကတော့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အတွက်ကြောင့် ဒီနည်းလမ်းကိုတော့ ပြုလုပ်ဖို့ရန်အတွက် မတိုက်တွန်းချင်ပါဘူး။

ဒါဆိုရင် ကျန်းမာရေးနဲ့လည်း ညီညွှတ်အောင် သွယ်လျကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လည်း ပိုင်ဆိုင်နိုင်အောင် ဘယ်လိုဝိတ်ချရမလဲ။

Detox ဖျော်ရည်များကို မနက်မိုးလင်းတိုင်း သောက်သုံးပေးပါ

ခန္ဓာကိုယ်အချိုးအစားလှပပြီး အသားအရေလေး ပိုကောင်းလာစေဖို့ သဘာဝနည်းလမ်းနဲ့ Detox လုပ်မယ်

ရေနွေးနွေးလေး တစ်ဖန်ခွက်ထဲသို့ သံပုယိုရည် တစ်ခြမ်း ညှစ်ထည့်လိုက်ပါ။ အရသာပိုရှိချင်တယ်ဆိုရင်တော့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပေးလိုက်ပါ။ ဒီ Detox ဖျော်ရည်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များနဲ့ အဆီပိုများကို ဖယ်ရှားပေးဖို့ ကူညီပေးပါလိမ့်မယ်။

ရေများများ သောက်ပါ

တစ်နေ့ကို ရေ ၃ လီတာ၊ ၄ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓာတ်ကို ရရှိမှာပါ။

မနက်စာ ပုံမှန်စားသုံးပါ

ဝိတ်ချမယ်ဆိုရင် အစားရှောင်တာက နည်းလမ်းမမှန်ပါဘူး။ တစ်နေ့တာလုံး အားအင်ပြည့်ဝစွာ သွားလာလှုပ်ရှားနိုင်ဖို့အတွက် မနက်စာက အရေးကြီးပါတယ်။ မနက်စာ စားတဲ့အခါ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဥအမျိုးမျိုး၊ မှို၊ တို့ဖူး စတဲ့ အစားအစာများ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီဓာတ်တွေဖြစ်တဲ့ ထောပတ်သီး၊ သံလွင်ဆီ စတာတို့အပြင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ များများစားသုံးပေးလိုက်ပါ။

လှုပ်လှုပ်ရှားရှားနေပါ

လှုပ်ရှားတက်ကြွမှု မရှိတဲ့အခါ ခန္ဓာကိုယ်မှာ အဆီပိုတွေ စုပုံနေတတ်ပါတယ်။ ထိုအဆီပိုများကို ဖယ်ရှားပြီး ဝိတ်ကျချင်တယ်ဆိုရင် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးရပါမယ်။ နေ့တိုင်း မလုပ်ဖြစ်ဘူးဆိုရင်တော့ တစ်ပတ် ၃ ရက်၊ ၄ ရက်ခန့်၊ တစ်နေ့ တစ်နာရီခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးလိုက်ပါ။

စိတ်ဖိစီးမှုများကို ရင်ဝယ်ပိုက်မထားပါနဲ့

စိတ်ဖိစီးမှုများက ကျန်းမာရေးအတွက် မကောင်းပါဘူး။ စိတ်ဖိစီးမှုကြောင့်လည်း ဝိတ်တက်နိုင်ပါသေးတယ်။ ဒီလိုစိတ်ဖိစီးလာပြီဆိုရင် စိတ်တည်ငြိမ်အောင် တရားထိုင်ပေးပါ။ အိပ်ရေးဝဝ အိပ်စက်အနည်းယူလိုက်ပါ။

အခုဖော်ပြသွားတဲ့ နည်းလမ်း (၅) မျိုးကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် ပျိုမေတို့ရဲ့ခန္ဓာကိုယ်က သွယ်လျလှပလာမှာပဲဖြစ်ပါတယ်။

Source: Stylecraze.com

By MyStyle Myanmar