ဓမ္မတာလာနေတဲ့အချိန်နဲ့ လာခါနီးအချိန်တွေမှာဆိုရင် မိန်းကလေးတိုင်းက ဝမ်းနည်းတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်အလိုမကျဖြစ်တာ၊ စိတ်မရှည်တာ၊ အရာရာကို ဒေါသထွက်တာမျိုးတွေဖြစ်ပြီး စိတ်က အရမ်းကို sensitive ဖြစ်ပါတယ်။ စိတ်ခံစားချက် အမျိုးမျိုးပြောင်းလဲပြီး mood swings ဖြစ်နေတာမျိုးပေါ့။ ဒါကြောင့် ဒီလို mood swings ပြီး စိတ်ပြောင်းလဲမှုတွေဖြစ်နေတာကို သက်သာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမှာပါ။

Natural remedies တွေအနေနဲ့ဆိုရင်တော့ calcium ဓာတ်တွေများစွာပါဝင်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ချိစ်၊ အစိမ်းရောင်ရှိ အသီးအရွက်တွေနဲ့ လိမ္မော်ရည်တို့ကို စားသောက်ပေးပါ။ Vitamin B-6 ရှိတဲ့ ငါး၊ ကြက်သား၊ အသီးအနှံတွေကိုလည်း များများစားပေးမယ်ဆိုရင်တော့ အပေါ်မှာပြောခဲ့တဲ့ စိတ်ခံစားမှုတွေဖြစ်တာ လျော့နည်းလာပါမယ်။

ကိုယ့်ရဲ့ lifestyle ကိုလည်း ပြောင်းလဲပေးဖို့ လိုပါတယ်။

လေ့ကျင့်ခန်း

ဓမ္မတာလာနေချိန်မှမဟုတ်ပဲ နေ့တိုင်း အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ဝမ်းနည်းစိတ်၊ စိုးရိမ်ပူပန်စိတ်၊ စိတ်အလိုမကျဖြစ်ပြီး စိတ်မရှည်တာ၊ အရာရာကို ဒေါသထွက်တာမျိုးတွေကို လျော့ကျလာစေပါတယ်။ ဓမ္မတာလာနေချိန်မှာ အမြဲတမ်းဖြစ်လေ့ရှိတဲ့ mood swings ဖြစ်တာကိုလည်း သက်သာလာစေပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝရင် လူက စိတ်မကြည်တဲ့အတွက် ခံစားချက်တွေ ပိုဆိုးလာစေပါတယ်။ အရာရာကို စိတ်ရှုပ်ပြီး တစ်ချိန်လုံး ဒေါသထွက်၊ အလိုမကျတွေ ဖြစ်နေမှာပါ။ ဒါကြောင့် စောစောအိပ်ပြီး အိပ်ရေးဝအောင် အိပ်ပေးပါ။

Stress တွေလျော့ကျအောင်လုပ်ပါ

Stress တွေများနေရင် ဓမ္မတာလာချိန်မှာ စိတ်ခံစားချက်က ပိုဆိုးလာပါလိမ့်မယ်။ ဝမ်းနည်းအားငယ်တာတွေ ဖြစ်လာပါလိမ့်မယ်။ တစ်ခုခုဆို စိတ်က အရမ်းကို sensitive ဖြစ်ပြီး ခံစားလွယ်နေမှာပါ။ ဒါကြောင့် stress တွေလျော့ကျအောင် အသက်ရှူလေ့ကျင့်ခန်းလုပ်တာမျိုး၊ တရားထိုင်တာမျိုး၊ ယောဂကျင့်တာမျိုး လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။