အိပ်မပျော်တဲ့သူတွေအတွက် အိပ်ပျော်အောင် ကူညီပေးမယ့် သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ အိပ်မပျော်တာကို ဒီတိုင်းထားရင် အကျင့်ဖြစ်သွားပြီး အိပ်မပျော်တဲ့ရောဂါလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီနည်းလမ်းတွေကို try ကြည့်သင့်ပါတယ်။

Apple cider vinegar

ဖန်ခွက်ထဲကို ရေထည့်ပြီး apple cider vinegar လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်မွှေလိုက်ပါ။ ပြီးရင်အဲ့တာကို မအိပ်ခင်မှာ သောက်ပေးပါ။ ညဘက်တွေ ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

ပျားရည်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေးတစ်ခွက်နဲ့ ရောမွှေပြီး မအိပ်ခင်မှာ သောက်ပေးမယ်ဆိုရင်လည်း ကောင်းကောင်းအိပ်ပျော်စေပါတယ်။

နွားနို့

နွားနို့ကျိုပြီး ပွက်ပွက်ဆူလာရင် ကိုယ်သောက်မယ့် ပန်းကန်ထဲထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။ ပြီးရင် ညအိပ်ယာမဝင်ခင် ပူပူလေးသောက်ပေးပါ။ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

Chamomile tea

Chamomile tea ပူပူလေးတစ်ခွက်ကို ညအိပ်ယာဝင်ခါနီးမှာ သောက်ပေးမယ်ဆိုရင်လည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ အမြန်ဆုံး အိပ်ပျော်စေပါတယ်။

Green Tea

Chamomile tea က ရှားတယ်ဆိုရင် green tea သောက်ပါ။ Green tea ကလည်း ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့ သဘာဝနည်းလမ်းကောင်းတစ်ခုပါပဲ။

ဇီရာစေ့အမှုန့်

Cumin tea ရှိရင် သောက်ပါ။ မရှိရင် ဇီရာစေ့အမှုန့်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာယူပြီး ငှက်ပျောသီးနဲ့ ရောကြိတ်ပြီး စားပေးပါ။ အိပ်မပျော်တာတွေ သက်သာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။