စာကျက်နေတုန်း သီချင်းနားထောင်ရတာကြိုက်လား  ဒါမှမဟုတ် လုံးဝတိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျက်ရတာကို ပိုသဘောကျမိလား ? တချို့ကတော့ သီချင်းနားထောင်ရင်း စာလုပ် ရတာ အနှောင့်အယှက် ဖြစ်တယ်လို့ ထင်နိုင်ပေမယ့် တကယ်တော့ စာကျက်တာကို အများကြီး အထောက်အကူရစေပါတယ်။ ဒါကြောင့် စာကျက် နေတုန်း သီချင်းနားထောင်တာရဲ့ အားသာချက်နဲ့ ဘယ်လိုအကျိုးအမြတ်တွေရှိလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ် ။

 

သီချင်းနားထောင်ရင်း စာလေ့လာတာက စိတ်အား ထက်သန်မှုနဲ့ မှတ်ဉာဏ်ကို တိုးတက်စေပြီး လေ့လာမှုကိုလည်း  အများကြီးကူညီပေးနိုင်ပါတယ်။ ဒါကြောင့် သင်စိတ်ဝင်စားမှု နည်းတဲ့ဘာသာကို လေ့လာတဲ့ အချိန် သီချင်းလေးဖွင့်ပြီး လေ့လာကြည့်ပါ။ အရင်ကထက်ပိုပြီး စာလေ့လာရတာ အဆင်ပြေနေပါလိမ့်မယ်။

စာလုပ်တဲ့အချိန် အာရုံပျံ့လွင့်တတ်တယ်ဆိုရင် စာလုပ်နေတုန်း သီချင်းနားထောင်ကြည့်ပါ။ သီချင်းနားထောင်တဲ့အခါ ပတ်ဝန်းကျင်က ဆူညံသံတွေကို တားဆီးပေးနိုင်တာကြောင့်  စာအပေါ်ပိုပြီးအာရုံစိုက်နိုင်စေဖို့ အများကြီး ကူညီပေးနိုင်ပါတယ်။

စာတွေ ထပ်ခါတလဲလဲကျက်နေရတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ စာကျက်ချိန်တွေဟာ  ငြီးငွေ့ဖို့ ကောင်းလာတာ အမှန်ပါဘဲ။ ဒီလိုအချိန်မှာ သင်ကြိုက်တဲ့ သီချင်းလေး တစ်ပုဒ် လောက် နားထောင်ကြည့်လိုက်ပါ။ စိတ်ကိုလန်းဆန်းစေပြီး ဆက်လေ့လာဖို့အဆင်သင့်ဖြစ်လာမှာပါ။

စာကျက်တဲ့အချိန်ကြာတာနဲ့အမျှ စာအပေါ်မှာထားတဲ့ သင့်စိတ် Motivation မြင့်နေဖို့ကလည်း အရေးကြီး ပါတယ်။ သင်လုပ်ထားတဲ့ Study Plan ကို ပြီးဆုံးအောင်လုပ်ဖို့အတွက် Moti လိုခဲ့ရင် Moti ဖြစ်စေ မယ့် သီချင်းလေးတွေ ရှာနားထောင်ကြည့်လိုက်ပါ။

စာမေးပွဲနီးလာတဲ့အခါ မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုတွေရှိလာတတ်ပြီး စိတ်ဖိစီးမှုခံစားရတတ်ပါတယ်။ ဒီလိုအချိန်မှာ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့ သီချင်းလေးနားထောင်လိုက်ပါ။ နားထောင်တဲ့သီချင်းက စိတ်ဖိစီးကို လျော့စေမယ့် သီချင်းဖြစ်ဖို့တော့ လိုပါတယ်နော်။