ကြက်သွန်ဖြူက အမျိုးမျိုးသော ဝေဒနာတွေကို သက်သာပျောက်ကင်းစေတဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိလည်း ရှိသလို ဆံပင်အတွက်လည်း ဆံပင်ပြန်ပေါက်တာကို ကူညီပေးရုံသာမက ရှိပြီးသားဆံပင်ကိုလည်း သန်မာစေတဲ့ အရာတစ်ခုအဖြစ် လူသိများပါတယ်။ ဆံပင်ကျွတ်တဲ့လူတိုင်းအတွက် ကြက်သွန်ဖြူက ဖြေရှင်းချက်ပါပဲ။

ဒါဆို ဆံပင်အတွက် ကြက်သွန်ဖြူကနေရနိုင်တဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲဆို ကြည့်ကြည့်ရအောင်-

ဦးရေပြားကို ပျက်စီးစေတဲ့အပြင် ဆံပင်ကြီးထွားမှုကိုလည်း အဟန့်အတားဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ကြက်သွန်ဖြူက သေစေနိုင်ပါတယ်။

ကြက်သွန်ဖြူအစိမ်းမှာက ဆံပင်ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ ဗီတာမင် C အများကြီးပါတာမလို့ ကော်လာဂျင် ထုတ်လုပ်မှုကိုလည်း တိုးစေပြီး ဆံပင်ကြီးထွားမှုကို အားပေးပါတယ်။

ကြက်သွန်ဖြူမှာပါတဲ့ ဆယ်လီနီယမ်ပါဝင်မှုက ဦးရေပြားကို အာဟာရပြည့်စေပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

ကြက်သွန်ဖြူက ဆံပင်ရဲ့မွှေးညှင်းပေါက်တွေကို သန်မာစေပြီး သန့်စင်ပေးနိုင်တာကြောင့် မွှေးညှင်းပေါက်ပိတ်တာကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆံပင်ကျွတ်တာကိုလည်း ထပ်ပြီး ကာကွယ်ပေးပါတယ်။

ကြက်သွန်ဖြူက ဦးရေပြားကို အေးမြစေတာကြောင့် ဗောက်လိုမျိုး ပြဿနာတွေကိုလည်း ကုသပေးပါတယ်။