အခုခေတ်မှာ Beauty Product တွေက အရောင်းရဆုံးတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် လူတော်တော်များများ မသိကြတာက အိမ်မှာရှိပြီးသား Beauty Product တွေကို မတူညီတဲ့ တခြားနေရာတော်တော်များများမှာ ပြန်သုံးလို့ရတာတွေ အများကြီးရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ နည်းလမ်းမျိုးစုံနဲ့ အသုံးပြုလို့ရတဲ့ အသုံးများတဲ့ Beauty Product တွေကို မျှဝေပေးသွားမှာပါ။

1. Lip Balm

နှုတ်ခမ်းကို နူးညံ့ချောမွေ့စေဖို့ သုံးတဲ့ Lip Balm ကို အသားခြောက်တာ ကွဲအက်တာ အရည်ကြည်ဖုထတာကို သက်သာဖို့ သုံးလို့ရတဲ့အပြင် ဆံပင်နဲ့ မျက်ခုံးမွှေးတို့ကို ပုံကျအောင်လုပ်ဖို့လည်း သုံးလို့ရပါတယ်။ ဒါ့အပြင် Mascara သုံးရင်း ပေတာတွေကို ဖျက်ဖို့လည်း သုံးလို့ရပါသေးတယ်။

2. Hairspray

ဆံပင်အတွက် သုံးရတဲ့ Hairspray က တခြားအသုံးဝင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ဥပမာ- ပေါင်မပွန်းအောင် ဘောင်းဘီမဝတ်ခင် ဖြန်းတာမျိုး ၊ လက်သည်းဆိုးပြီးမြန်မြန်ခြောက်အောင် ဖြန်းတာမျိုး သုံးလို့ရပါတယ်။

3. Vaseline

အများကြီးအသုံးဝင်တဲ့ Vaseline ကို နှုတ်ခမ်းနီဆိုးတဲ့အခါ သွားမှာမပေအောင် ၊ Mascara ဆိုးတဲ့အခါ ထူတဲ့ Volume ရအောင် ၊ Matte နှုတ်ခမ်းနီကို တောက်ပြောင်စေဖို့ သုံးလို့ရပါတယ်။ ဒါ့အပြင် မုတ်ဆိတ်ရိတ်တဲ့အခါ ဓားရှတာမျိုးတွေ သက်သာစေဖို့လည်း သုံးလို့ရပါတယ်။

4. Toothbrush

သွားတိုက်တံတစ်ချောင်းက သွားတိုက်ဖို့အပြင် နှုတ်ခမ်းကို exfoliation လုပ်ဖို့ ၊ မျက်တောင်ဖြီးဖို့ သုံးလို့ရပါတယ်။ အရေးကြီးတာက သွားတိုက်ဖို့သုံးတဲ့ သွားတိုက်တံကိုတော့ ရောမသုံးဘဲ သီးသန့်ထားပေးပါ။

5. BB Cream

စကတ်နဲ့ ၀တ်စုံတွေဝတ်တဲ့အခါ ခြေထောက်ကို BB Cream နည်းနည်းလိမ်းတာက ခြေထောက်ကို ရှည်ပြီးပိန်တယ်ထင်ရစေပြီး တောက်ပြောင်နေစေမှာပါ။ ဒီလိုမျိုးဘဲ ညှပ်ရိုးပေါ်တဲ့ အင်္ကျီဝတ်တဲ့အခါမျိုးမှာလည်း ညှပ်ရိုးတစ်ဝိုက်မှာ လိမ်းလို့ရပါတယ်။

6. Mascara

မျက်တောင်အောက်ခြေမှာ မျက်တောင်ကော့တဲ့အတံကို ထားပြီး မျက်တောင်ကိုမကော့ဘဲ ဘေးကိုရွေ့ပေးရင် Eyeliner မသုံးဘဲ သုံးထားသလိုမျိုး Effect ကို ရစေပါတယ်။

7. Concealer

အရေးပေါ် မိတ်ကပ်လိမ်းရမယ့်အခါမျိုးမှာ Foundation အဆင်သင့်မရှိရင် Concealer ကို Moisturizer နဲ့ရောပြီး လိမ်းလို့ရပါတယ်။ လိမ်းတဲ့အခါ Foundation လိမ်းသလိုမျိုး Sponge ဒါမှမဟုတ် Brush ကိုသုံးလို့ရပါတယ်။

8. Body Wash

မုတ်ဆိတ်ရိတ်ဖို့အတွက် Shaving Cream ဝယ်မယ့်အစား အိမ်မှာသုံးတဲ့ Body Wash ကို အစားထိုးပြီး သုံးလို့ရပါတယ်။