ရေမွှေးသာဆွတ်နေပေမယ့် ရေမွှေးဆွတ်ပေးခြင်းက ဘာတွေအတွက်ကောင်းလဲဆိုတာကို မသိတဲ့သူတွေ အများကြီးရှိမှာပါ။ အနံ့မွှေးရုံတစ်ခုထဲအတွက်မဟုတ်ပဲ တခြားကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။ ရေမွှေးဆွတ်လေ့မရှိတဲ့သူတွေဆိုလည်း ဒီကောင်းကျိုးတွေကိုသိသွားရင် ရေမွှေးကို သဘောကျလာမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ရေမွှေးဆွတ်ပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ်သင်းနံ့ကောင်းစေခြင်း

ရေမွှေးအမြဲဆွတ်ပေးခြင်းက ကိုယ့်ခန္ဓာကိုယ်မှာ အနံ့စွဲစေလို့ ကြာလာရင် ကိုယ်သင်းနံ့တစ်ခုလို ဖြစ်သွားစေပါတယ်။ ကိုယ့်ဘေးနားရောက်ရင် ရေမွှေးနံ့လေးရနေတာမျိုး၊ ကိုယ်ဖြတ်သွားတိုင်းမှာ ကိုယ့်ရေမွှေးနံ့လေး ကျန်ခဲ့တာမျိုးက အရမ်းမိုက်ပါတယ်။

Mood ပိုကောင်းစေခြင်း

ကိုယ်ကြိုက်တဲ့ရေမွှေးအနံ့ကို ရွေးသုံးပြီး အမြဲဆွတ်ပေးမယ်ဆိုရင်တော့ ဒီရေမွှေးကိုဆွတ်ထားတိုင်းမှာ အဲ့အနံ့လေးကြောင့် စိတ်ကြည်လင်လန်းဆန်းရတယ်၊ စိတ်ဖိစီးမှုတွေ stress တွေပြေပျောက်ပြီး စိတ်ပျော်ရွှင်မှုရစေပါတယ်။ ကိုယ့်ရေမွှေးနံ့ကို အရမ်းကြိုက်မိရင် အဲ့အနံ့ရတိုင်းမှာ mood ပိုကောင်းနေစေပါတယ်။

Confidence ပိုရှိစေခြင်း

ရေမွှေးအမြဲဆွတ်ထားရင် ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိလာစေပါတယ်။ ရေမချိုးထားရင်တောင်မှပဲ ရေမွှေးနံ့ကြောင့် confidence ရှိနေတာမျိုးပေါ့။

ဆွဲဆောင်မှုရှိစေခြင်း

ကိုယ်သုံးတဲ့ရေမွှေးအနံ့က ကိုယ့်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒီအနံ့ရတိုင်း ကိုယ့်ကိုပြေးမြင်မိတာမျိုး၊ သတိရစေတာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် ရေမွှေးကို ကောင်းကောင်းလေး ရွေးသုံးကြည့်ပါ။

အိပ်မပျော်တဲ့ရောဂါကိုကုသပေးနိုင်ခြင်း

တချို့ရေမွှေးအနံ့တွေက အရမ်းမပြင်းပဲ အနံ့သင်းသင်းလေးနဲ့မို့ အရမ်းမိုက်ပါတယ်။ အဲ့အနံ့ရရင် စိတ်ထဲနေလို့ကောင်းသွားစေပါတယ်။ ဒါ့အပြင် အိပ်မပျော်တဲ့သူတွေဆို ညအိပ်ယာဝင်ခါနီး အသားမှာဆွတ်ပြီး အိပ်ကြည့်ပါ။ ကောင်းမွန်စွာအိပ်ပျော်စေလို့ အိပ်မပျော်တဲ့ရောဂါကိုပါ ကုသပေးနိုင်ပါတယ်။

ခေါင်းကိုက်တာကိုသက်သာစေခြင်း

ရေမွှေးအရမ်းကြိုက်တဲ့သူတွေဆိုရင် ကိုယ်အရမ်းကြိုက်တဲ့ ရေမွှေးနံ့လေးရရင် ခေါင်းကြည်ပြီး ခေါင်းကိုက်နေတာတောင် ပျောက်သွားစေပါတယ်။ ဒါကြောင့် ရေမွှေးသုံးတဲ့အခါမှာ အနံ့ပြင်းပြီးစူးတာတွေကို ရှောင်ပေးပါ။