အပြင်သွားခါနီး အလုပ်သွားခါနီး ရေမွှေးဆွတ်လိုက်ရင် တကယ်ကိုစွဲမက်ဖွယ်ကောင်းတဲ့ ရေမွှေးရဲ့အနံ့တွေက သင့်ကိုယုံကြည်မှုရှိပြီး အနံ့ကောင်းကိုခံစားရစေတာထက် ပိုစေပါတယ်။ ဒါတင်မကသေးပါဘူး ရေမွှေးသုံးတာကနေ ရနိုင်တဲ့အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။
စိတ်ဓာတ်ကိုမြှင့်တင်ပေးတာ
ရေမွှေးရဲ့ အဓိကအကျိုးကျေးဇူးတစ်ခုက စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တာပါ။ ရေမွှေးရဲ့အနံ့တွေက မတူညီတဲ့ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်တာမလို့ အချိန်အခါပေါ်မူတည်ပြီး ရေမွှေးကို ရွေးသုံးကြည့်ပါ။
ယုံကြည်မှုတိုးစေတာ
ရေမွှေးကောင်းကောင်းစွတ်ထားရင် အင်္ကျီလှလှဝတ်ထားရသလိုဘဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေပါတယ်။ ဒါအပြင် မွှေးပျံ့နေတဲ့ကိုယ်သင်းရနံ့လေးနဲ့ တစ်နေ့တာကို ယုံကြည်မှုရှိရှိနဲ့ ဖြတ်သန်းလို့ရပါတယ်။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ လိုက်ဖက်တဲ့ အနံ့ကို ရွေးချယ်လိုက်ပါ။
ဆွဲဆောင်မှုဖြစ်စေတာ
အနံ့ခံအာရုံက အာရုံငါးပါးမှာ အရေးကြီးဆုံးတစ်ခုဖြစ်တာမလို့ သင့်ရဲ့ရေမွှေးက တစ်စုံတစ်ယောက်ကို ဆွဲဆောင်သွားနိုင်ပါတယ်။ သင်စွတ်ထားတဲ့ရေမွှေးကြောင့် တစ်နေ့တာလုံး မွှေးကြိုင်နေပြီး ဆွဲဆောင်မှုဖြစ်စေမှာ အသေချာပါ။
ကျန်းမာရေးကို မြှင့်တင်ပေးတာ
ကျန်းမာရေးကိုသက်ရောက်တဲ့ သိပ္ပံနည်းကျ အထောက်အထားတွေမရှိပေမယ့် ရေမွှေးက စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး စိတ်ဖိစီးမှုနဲ့ အခြားစိုးရိမ်ပူပန်မှုဆိုင်ရာ ပြဿနာများကို ရှောင်ရှားနိုင်အောင် ကူညီပေးနိုင်တာမလို့ သင့်ရဲ့စိတ်ဝိညာဉ်ကို မြှင့်တင်ဖို့ သင်ကြိုက်တဲ့အနံ့ကို သုံးလို့ရပါတယ်။
စိတ်ဖိစီးမှုကို သက်သာစေတာ
အမွှေးနံ့သာကို ရနံ့ကုထုံးတွေ သုံးတာကို သတိထားမိကြမှာပါ။ ဘာလို့လဲဆိုတော့ အမွှေးနံ့သာက စိတ်ပိုင်းဆိုင်ရာအတွက် ကုထုံးတွေမှာ အကျိုးများလို့ပါ။
အမှတ်တရများကို အစပျိုးပေးတာ
အမွှေးနံ့သာက ပျော်ရွှင်စရာကောင်းတဲ့မှတ်ဉာဏ်တစ်ခုဖြစ်လာဖို့ အရေးပါတဲ့အချက်တစ်ခုလို့ပြောရင် မမှားပါဘူး။ ဥပမာ – ကိုယ့်အမေသုံးခဲ့တဲ့ အမွှေးနံ့သာကို သုံးတဲ့အခါ အမေနဲ့အတူကုန်ဆုံးခဲ့တဲ့ အမှတ်တရကောင်းတွေကို ပြန်လည်ရှင်သန်စေပါတယ်။