မိန်းကလေးတစ်ယောက်တည်း အပြင်သွားတော့မယ်ဆို အန္တရာယ်ကင်း ဘေးရှင်းဖို့အတွက်က အဓိကအရေးကြီးဆုံးပါ။ ဒါကြောင့် တစ်ယောက်တည်းသွားတဲ့အခါ သတိရှိဖို့နဲ့ အန္တရာယ်ကင်းဖို့ ဒီအချက်တွေကို သတိထားသင့်ပါတယ်။
ဆန့်ကျင်ဘက်လျှောက်ပါ
လမ်းပေါ်မှာ လမ်းလျှောက်တဲ့အခါ လမ်းပေါ်ကကားတွေနဲ့ ဘေးချင်းယှဥ်လျှောက်မယ့်အစား မျက်နှာချင်းဆိုင်လျှောက်တာက အခြေအနေများစွာအတွက် လွယ်ကူပြီး အသုံးဝင်တဲ့ လက်တွေ့ကျကျ နည်းလမ်းတစ်ခုပါ။
မှန်တွေကိုကြည့်ပါ
အပြင်သွားတဲ့အခါ သင့်ကို လိုက်ကြည့်နေတဲ့သူ ဒါမှမဟုတ် စောင့်ကြည့်နေတဲ့သူ ရှိမရှိသိရဖို့ စတိုးဆိုင် ၊ Shopping Mall တို့က မှန်တွေကိုသုံးပြီး သင့်ပတ်ဝန်းကျင်ကို စစ်ဆေးပါ။
လှည့်ကြည့်ပါ
သင့်အနောက်ကို တစ်ယောက်ယောက်လိုက်လာတယ်လို့ ခံစားမိနေရင် လူအများကြီးရှိတဲ့နေရာရောက်တဲ့အခါ အနောက်ကို လှည့်ကြည့်ပါ။ ဒါက သူတို့ရဲ့ ပုံစံ ၊ အဝတ်အစားနဲ့ ဘယ်သူဘယ်ဝါဆိုတာ မှတ်မိစေဖို့ ကူညီပေးနိုင်ပါတယ်။
တန်ဖိုးကြီးလက်ဝတ်လက်စားများမဝတ်ပါနဲ့
အပြင်သွားတဲ့အချိန် တန်ဖိုးကြီးလက်ဝတ်လက်စားတွေက သင့်ကို တစ်စုံတစ်ယောက်ရဲ့ပစ်မှတ် ဖြစ်လာစေနိုင်တာမလို့ အပြင်သွားတဲ့အခါ တန်ဖိုးကြီးလက်ဝတ်လက်စားတွေမဝတ်တာက အကောင်းဆုံးပါ။ မဖြစ်မနေဝတ်ဖို့လိုအပ်ရင်တော့ ရထားနဲ့ကားပေါ်ရောက်ရင် သင့်ကိုအာရုံမစိုက်မိအောင် တစ်ခုခုနဲ့ ကာထားပါ။
ဘယ်ကိုသွားမှာလဲလို့မေးရင် ဆေးရုံလို့ဖြေပါ
လမ်းမှာ သင်မသိတဲ့ မမြင်ဖူးတဲ့လူစိမ်းတစ်ယောက်က အရမ်းဖော်ဖော်ရွေရွေနဲ့ ဘယ်သွားမှာလဲ ဘာလုပ်မှာလဲဆိုပြီး အတင်းလာရော လာမေးခဲ့ရင် ဆေးရုံသွားမှာလို့ ဖြေလိုက်ပါ။ ဘာလို့လဲဆိုတော့ ဆေးရုံဆိုတာက လုံခြုံရေး၊ ဝန်ထမ်း နဲ့ ကင်မရာတွေပါရှိတာမလို့ သင့်အတွက်လုံခြုံစေမှာပါ။
ပိုက်ဆံကိုခွဲထားပါ
ပိုက်ဆံကို တစ်နေရာထဲမဟုတ်ဘဲ တခြားတစ်ခုခုထဲထည့်ပြီး ခွဲထားပါ။ ဒါမှ မတော်တဆက ားပေါ်မှာ ဒါမှမဟုတ် ရထားပေါ်မှာ ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံခဲ့ရရင် ဒုက္ခမများစေမှာပါ။