တချို့ကျတော့ မနက်ခင်းမှာ Coffee လေးသောက်လိုက်ရမှ လန်းဆန်းပြီး Energy ပြည့်သွားသလို ခံစားရပါတယ်။ Coffee တစ်မျိုးပဲသောက်ပြီး အလုပ်သွား၊ ကျောင်းသွားကြတဲ့သူတွေတောင် ရှိပါတယ်။ ဒါက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် မနက်ခင်းမှာ Caffeine မပါပဲ Energy ပြည့်ဝနေစေမယ့် အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

အာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုစားပါ

အရေးကြီးတာက မနက်စာပါ။ မနက်စာကို အာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားပေးမယ်ဆိုရင် တစ်နေ့တာလုံးအတွက် Energy ပြည့်ဝနေမှာပါ။

ရေများများသောက်ပါ

ရေဓာတ်ကလည်း အရေးကြီးပါတယ်။ ရေဓာတ်မလုံလောက်ရင် အားအင်လျော့နည်းတာ၊ ပင်ပန်းသလို ခံစားရတာ၊ အသားအရေခြောက်သွေ့တာ၊ နှုတ်ခမ်းခြောက်ပြီး ကွဲတာ၊ အပူများတာတွေ ဖြစ်စေပါတယ်။ ဒီတော့ မနက်အိပ်ယာနိုးတာနဲ့ ရေတစ်ခွက်သောက်ပါ။ တစ်နေကုန်လည်း ရေများများသောက်ဖို့ မမေ့ပါနဲ့။

Energy Boost လုပ်ပေးမယ့် လေ့ကျင့်ခန်းတွေလုပ်ပါ

မနက်ပိုင်းမှာ နာရီဝက်၊ တစ်နာရီလောက် အချိန်ပေးပြီးတော့ Energy Boost လုပ်ပေးမယ့် လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။ ဒါက ကျန်းမာရေးအတွက်လည်း ကောင်းတဲ့အရာပါ။

အစာပြေခဏခဏစားပေးပါ

အစာပြေမုန့်လေးတွေ ဆောင်ထားပြီးတော့ အစာပြေခဏခဏ စားပေးခြင်းကလည်း သင့်ကို Energy ပြည့်ဝနေစေပါတယ်။ အဆီတက်မှာ စိုးရိမ်စရာမလိုအောင် အဆီအစိမ့်မဟုတ်တဲ့ အစာပြေမုန့်၊ သစ်သီးတွေကို စားပေးလို့ရပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

 

နောက်ဆုံးအချက်ကတော့ အိပ်ရေးဝအောင် အိပ်ဖို့ပါပဲ။ အိပ်ရေးဝမှ Energy ပြည့်ဝနေမှာပါ။ အိပ်ရေးမဝရင် တစ်နေ့တာလုံး မလန်းဆန်းပဲ ဘာလုပ်လုပ် စိတ်မကြည်၊ အဆင်မပြေ ဖြစ်နေပါလိမ့်မယ်။ ဒီတော့ အိပ်ရေးဝအောင် စောစောအိပ်၊ စောစောထပြီး Energy Boost လုပ်ပေးမယ့် လေ့ကျင့်ခန်းတွေကို လုပ်ပေးမယ်၊ မနက်စာလည်း သေချာစားမယ်ဆိုရင် အမြဲတမ်း Caffeine မပါပဲ Energy ပြည့်ဝနေမှာပါ။