ပင်ပန်းတဲ့အတိတ်ကို ဆုပ်ကိုင်ထားတာက တကယ်ကိုပင်ပန်းလွန်းလှပါတယ်။ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ ကြုံလာရတဲ့အခါ တချို့က လုံးဝကိုပြိုလဲသွားတတ်ကြပါတယ်။ တကယ်က ဖြစ်လာတဲ့အရာတွေကို သင်ခန်းစာယူပြီး ဒီအခြေအနေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားရမှာပါ။ ဖြစ်ပြီးသားကို ပြန်တွေးတောမိရင် နာကျင်စရာ ခံစားချက်တွေနဲ့ အမှတ်ရစရာတွေမှာ အထီးကျန်ဖြစ်သွားနိုင်ပါတယ်။ အတိတ်က နာကျင်မှုတွေကို စွန့်လွှတ်ပြီး လွှတ်ချလိုက်ပြီး ရှေ့ကိုဆက်သွားတာကမှ နာကျင်မှုတွေကို ကုစားတဲ့ အကောင်းဆုံးနည်းလမ်းပါ။

နာကျင်စရာအတွေ့အကြုံကနေ ရှေ့ကိုလျှောက်လှမ်းဖို့ ကြိုးစားနေပေမယ့် ဘယ်လိုစရမယ်ဆိုတာ မသိဘူးဆိုရင် ဒီ ( ၆ ) ချက်ကို ကြိုးစားကြည့်ပါ။

မန္တန်တစ်ခုကို ဖန်တီးပါ

စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေခံစားနေရချိန်တွေမှာ သင်ကိုယ်တိုင်ပြောပြတဲ့ မန္တန်တစ်ခုရှိတာက သင့်ရဲ့အတွေးတွေကို ပြန်လည်ပုံဖော်ဖို့ ကူညီပေးနိုင်ပါတယ်။ “ဒီလိုဖြစ်သွားတာ မယုံနိုင်စရာပဲ” “ငါ့အတွက်ကောင်းမယ့် ဘဝလမ်းကြောင်းသစ်ကို ရှာတွေ့နိုင်လို့ ငါကံကောင်းတယ်” ဆိုတဲ့ အပြုသဘောဆောင်တဲ့ မန္တန်တစ်ခုကို ကြိုးစားကြည့်ပါ။

အကွာအဝေးကိုဖန်တီးပါ

စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေပေးတဲ့သူတွေနဲ့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ဝေးသွားအောင် အကွာအဝေးတစ်ခုကို ဖန်တီးပါ။ ဒီလိုအကွာအဝေးကိုဖန်တီးတာက စွန့်လွှတ်နိုင်ဖို့ အများကြီး ကူညီပေးနိုင်ပါတယ်။

ကိုယ့်အလုပ်ကိုယ်လုပ်ပါ

လက်ရှိအခိုက်အတန့်ကို အာရုံစိုက်နိုင်လေလေ အတိတ် ဒါမှမဟုတ် အနာဂတ်အပေါ် သက်ရောက်မှု နည်းပါးလေလေပါပဲ။ သင့်ကိုနာကျင်စေခဲ့တဲ့ လူတစ်ယောက်အကြောင်း ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကို လက်ရှိအခြေအနေဆီပြန်ပို့လိုက်ပါ။ ပြီးရင် ကိုယ်လုပ်ရမယ့်အရာကို အာရုံစိုက်ပါ။

ကိုယ့်ကိုကိုယ် ခွင့်လွှတ်ပါ

ကိုယ့်ကို နာကျင်စေတဲ့သူရဲ့ တောင်းပန်မှုကို စောင့်နေတာက စွန့်လွှတ်မယ့်လုပ်ငန်းစဉ်ကို နှေးကွေးစေပါလိမ့်မယ်။ နာကျင်မှုတွေ ကြုံလာရပြီဆိုရင်တော့ ကိုယ့်ကိုကိုယ် ကုသဖို့ အရေးကြီးပါတယ်။

မိမိကိုယ်ကိုချစ်ပါ

ကိုယ့်ကိုယ်ကို အာရုံစိုက်ဖို့က အရေးကြီးပါတယ်။ နာကျင်မှုခံစားနေရတဲ့အခါ နာကျင်တာကလွဲလို့ ဘာမှမရှိသလို ခံစားရတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်မှုကို ပိုပြီး အကောင်အထည်ဖော်နိုင်လေ နာကျင်မှုခံစားရတာလျော့လေလေပါပဲ။

Professional အကူအညီကိုယူပါ

နာကျင်စရာအတွေ့အကြုံကို စွန့်လွှတ်ဖို့ အရမ်းခက်ခဲနေတယ်ဆိုရင် သင့်ကို လမ်းညွှန်ကူညီပေးဖို့ အတွေ့အကြုံရှိကျွမ်းကျင်တဲ့ Professional နဲ့ ဆွေးနွေးတိုင်ပင်တာက သင့်အတွက် အကျိုးရှိစေမှာပါ။