အလုပ်ကပင်ပန်းတဲ့အခါ စိတ်ဖိစီးမှုများတဲ့အခါမှာတော့ အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာ မလုပ်ချင်တော့ဘူးဆိုပြီး ခံစားမိတဲ့အချိန်တွေ ရှိပါလိမ့်မယ်။ ဒီလိုခံစားမိလာတဲ့အခါ ဒီအရာတွေကို လုပ်ကြည့်လိုက်ပါ။

အပြည့်အဝအနားယူလိုက်ပါ

အလုပ်တွေဘာမှမလုပ်တော့ပဲ အားလုံးကိုပစ်ထားပြီး ကိုယ့်စိတ်တိုင်းကျ အပြည့်အဝ အနားယူပစ်လိုက်ပါ။ တစ်နေကုန်အိပ်ချင်လဲအိပ်၊ နေချင်သလိုနေပြီးသာ အနားယူလိုက်ပါ။ ဒါဆိုရင် ပင်ပန်းမှုတွေ ပြေပျောက်ပြီး စိတ်လည်း ပြန်လည်ပျော်ရွှင်လာမယ်၊အလုပ်လုပ်ဖို့လည်း အားပြန်ပြည့်လာပါမယ်။

စားချင်တာတွေလျှောက်စားပါ

အစားသမားတွေဆိုရင် စားချင်တာသာလျှောက်စားနေရရင် ပျော်ရွှင်နေပါလိမ့်မယ်။ အလုပ်အရမ်းများတဲ့အခါ ပိုက်ဆံရှာပြီးကိုယ်စားချင်တာ ဝယ်စားဖို့တောင် မေ့နေတတ်ပါတယ်။ အချိန်မရှိလို့ တကူးတကသွားမစားဖြစ်တာမျိူး တွေလည်း ရှိပါလိမ့်မယ်။ ဒါကြောင့် ကိုယ်စားချင်တာတွေကို လျှောက်စားပစ်လိုက်ပါ။

Staycation နေလိုက်ပါ

အလုပ်ကြောင့် Stress တွေများပြီး အရမ်းပင်ပန်းနေတယ်လို့ ခံစားရရင် Staycation နေပြီး အနားယူကြည့်လိုက်ပါ။ Spa လည်းလုပ်ပါ။ ရေလည်းကူးပါ။ စိတ်ရောကိုယ်ပါ Relax ဖြစ်သွားပါလိမ့်မယ်။

ရုပ်ရှင်ကြည့်ပါ

အလုပ်လုပ်ရတာပင်ပန်းလာတဲ့အခါ အလုပ်ဆက်မလုပ်ချင်တော့ရင် အလုပ်တွေကို ခဏမေ့ထားပြီး ရသလောက် အနားယူပါ။ရုပ်ရှင်ကြည့်ပါ။ အလုပ်မအားလို့ မကြည့်ဖြစ်ခဲ့တာတွေကို အတိုးချကြည့်ပြီး Relax ဖြစ်အောင် နေကြည့်နော်။

လုပ်ချင်နေတာတွေကိုအကောင်အထည်ဖော်လိုက်ပါ

အရင်က အလုပ်မအားလို့ ကိုယ်လုပ်ချင်တာတွေ မလုပ်ခဲ့ရတာကို လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။ အလုပ်တွေ Stress တွေကို ခဏမေ့ထားပြီး ကိုယ်လုပ်ချင်နေတာတွေကို တစ်ခုချင်းလုပ်ပြီး စိတ်ကျေနပ်မှုကို အပြည့်အဝ ခံယူလိုက်ပါ။