ခေါင်းလျှော်ဖို့ အဆင်မပြေတဲ့အချိန်မျိုးမှာဆိုရင် ဆံပင်အဆီပြန်ပြီး စေးကပ်နေတဲ့ပုံစံကြီးနဲ့ မနေချင်ဘူးဆိုရင်တော့ Dry Shampoo သာသုံးပါ။ ဒါပေမယ့် သုံးတဲ့အခါမှာလည်း မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုနိုင်ဖို့ သိထားရမယ့် အချက်လေးတွေရှိပါတယ်။

Shake လုပ်ပြီးသုံးပါ

Dry Shampoo သုံးတဲ့အခါမှာ အောက်မှာအနည်ထိုင်တာတွေ ဖြစ်နေတဲ့အတွက် ဘူးကို သေချာ Shake လုပ်ပြီးသုံးပေးပါ။

ဦးရေပြားနဲ့နီးကပ်ပြီးမသုံးပါနဲ့

Dry Shampoo ကို ဦးရေပြားနားကပ်ပြီး ဖြန်းတာမျိုးမလုပ်ပါနဲ့။ ဦးရေပြားနဲ့ ၆ လက်မအကွာလောက်ကနေ ဖြန်းပေးပါ။

တစ်နေရာထဲမဖြန်းပါနဲ့

ဖြန်းတဲ့အခါမှာလည်း တစ်နေရာထဲကိုပဲ ဖိပြီးဖြန်းလိုက်တာမျိုးမလုပ်ပဲ လက်ကိုရွှေ့ပြီး ဖြန်းပေးပါ။ တစ်နေရာထဲမှာပဲ အများကြီးပုံသွားရင် အဆင်မပြေပါဘူး။ အများကြီးဖြန်းမိတာမျိုးလည်း မဖြစ်အောင် ဂရုစိုက်ပေးပါ။

ဆံပင်အဆီပြန်တဲ့နေရာကိုသာဖြန်းပါ

ကိုယ့်ဆံပင်က ထိပ်ပိုင်းပဲ အဆီပြန်ပြီးကပ်နေတာဆိုရင် ထိပ်ပိုင်းကိုပဲ လှုပ်ရှားပြီး ဖြန်းပေးပါ။ အနောက်တွေအထိ သွားဖြန်းတာမျိုး မလုပ်ပါနဲ့။ ဆံပင်အဆီပြန်တဲ့နေရာကိုပဲ ဖြန်းပေးပါ။

ဖြန်းပြီးခဏထားပါ

Dry Shampoo နဲ့ ဆံပင်ကိုဖြန်းပြီးရင် ချက်ချင်းလက်နဲ့ပွတ်တာမျိုး၊ ခေါင်းဖြီးတာမျိုး မလုပ်လိုက်ပါနဲ့။ ဖြန်းပြီးခဏထားပါ။ ပြီးရင် လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို Massage လုပ်ပေးပါ။ နောက်ဆုံးမှသာ ခေါင်းဖြီးပါ။

နေ့တိုင်းမသုံးပါနဲ့

ခေါင်းလျှော်ဖို့ အဆင်မပြေတဲ့ အခြေအနေမျိုးမှာပဲ Dry Shampoo သုံးပေးပါ။ ခဏခဏနေ့တိုင်း သုံးတာမျိုး မလုပ်ပါနဲ့။ Dry Shampoo က ဆံသားကို အမှန်တကယ် သန့်ရှင်းပေးတာမျိုး မဟုတ်ပေမယ့်လည်း အဆီတွေကို စုပ်ယူပေးတာကြောင့် ဆံသားအဆီပြန်တာ၊ စေးကပ်တာတွေ ပျောက်စေပါတယ်။ ဒါပေမယ့် ခဏခဏသုံးရင်၊ နေ့တိုင်းသုံးရင် မွေးညင်းပေါက်တွေ ပိတ်ဆို့ပြီး ဆံသားပျက်စီးစေပါတယ်။

ညဘက်မှာသုံးပါ

Dry Shampoo ကိုသုံးမယ်ဆိုရင် နေ့ဘက်မှာသုံးတာထက် ညဘက်မှာအသုံးပြုတာက ပိုကောင်းပါတယ်။ ညဘက်မှာသုံးထားရင် အဆီတွေကိုစုပ်ယူသွားပြီး မနက်ကျတော့ ဆံပင်ကပိုပြီး ပုံကျလှပနေစေပါတယ်။