Foot Massage လုပ်တာကို ကြိုက်တဲ့သူလည်းရှိသလို တစ်ခါမှမလုပ်ဖူးသေးတဲ့ သူတွေလည်း ရှိမှာပါ။ တကယ်လို့ မလုပ်ဖူးသေးဘူးဆိုရင် လုပ်ကြည့်ဖို့ အကြံပေးပါတယ်။ အလုပ်အရမ်းပင်ပန်းတဲ့သူ၊ ခန္ဓာကိုယ်မအီမသာဖြစ်ပြီး ညောင်းညာကိုက်ခဲတတ်တဲ့သူတွေဆို ပိုတောင်လုပ်ပေးသင့်ပါသေးတယ်။ ဘာကြောင့် Foot Massage လုပ်ပေးသင့်လဲဆိုတဲ့ အဓိကအကြောင်းအရင်း ၄ ခုကိုလည်း မျှဝေပေးလိုက်ပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

Foot massage လုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခြေထောက်ကြွက်သားတင်းနေတာတွေ ပြေလျော့စေပါတယ်။ ဒါကြောင့်ပုံမှန်တောင် လုပ်ပေးသင့်ပါတယ်။ အမြဲမတ်တပ်ရပ်နေရတဲ့သူ၊ အထိုင်များတဲ့သူတွေဆိုလည်း လုပ်ပေးသင့်ပါတယ်။

ညောင်းညာကိုက်ခဲတာသက်သာစေခြင်း

Foot massage လုပ်ပြီးတာနဲ့ကို ညောင်းညာကိုက်ခဲတာတွေ သက်သာပြီး ခြေထောက်တွေက ပေါ့ပါးပြီး နေလို့အရမ်းကောင်းသွားတဲ့ ခံစားမှုမျိုး ရစေပါတယ်။ လေးဘက်နာသမားတွေ၊ အဆစ်အမြစ်ကိုက်တတ်တဲ့ သူတွေအတွက်လည်း အရမ်းကောင်းပါတယ်။ Foot massage ပုံမှန်လုပ်ပေးရင် ခြေထောက်ဖောယောင်တာတွေပါ သက်သာစေပါတယ်။ ဒါ့အပြင် မိန်းကလေးတွေ ရာသီလာခါနီး ကိုက်ခဲတာတွေလည်း သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်တွေ ခြေထောက်ညောင်းကိုက်တာတွေပါ သက်သာစေပါတယ်။

Stress လျော့ကျစေခြင်း

Foot Massage လုပ်ရင် Stress တွေလျော့ကျစေတဲ့အတွက် အရမ်းပင်ပန်းနေတဲ့အချိန်မျိုးမှာ လုပ်လိုက်ရင် ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေပါတယ်။ စိတ်ကြည်လင်သွားစေပါတယ်။ စိတ်ညစ်နေတဲ့အခါ၊ စိတ်ဖိစီးမှုများပြီး ဘာမှလုပ်ချင်စိတ်မရှိတဲ့အခါမှာ Foot Massage လုပ်ကြည့်ပါ။ ခံစားရတာတွေ သက်သာပျောက်ကင်းပြီး Mood ပြန်ကောင်းလာပါလိမ့်မယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်း

အိပ်မပျော်တဲ့သူတွေဆိုရင်လည်း Foot Massage လုပ်သင့်ပါတယ်။ Foot Massage လုပ်ပေးခြင်းက ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ခေါင်းအုံတာ၊ ခေါင်းကိုက်တာတွေလည်း သက်သာစေပါတယ်။