ချွေးနံ့ပြင်းတဲ့အခါ ကိုယ့်ဆီကချွေးနံ့ဆိုးဆိုးရွားရွားရရင် ရှက်စရာကောင်းပါတယ်။ ချွေးနံ့အရမ်းမထွက်အောင်၊ ချွေးနံ့ထွက်တာ သက်သာအောင်လို့ ဂရုတစိုက်နဲ့ လိုအပ်တဲ့ပစ္စည်းတွေ သုံးပေးသင့်ပါတယ်။ ဒါကြောင့် ချွေးနံ့ပြင်းတဲ့သူတွေ ပုံမှန်သုံးပေးသင့်တဲ့ပစ္စည်းတွေကို ပြောပြပေးလိုက်ပါတယ်။
Shower Gel အနံ့ကောင်းတာသုံးပါ
ရေချိုးတဲ့အခါမှာ အနံ့အရမ်းကောင်းတဲ့ အနံ့စွဲတဲ့ Shower Gel သုံးပေးတာက ကောင်းပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
ချွေးနံ့ထိန်းတဲ့ Deodorant သုံးပါ
ချွေးနံ့ပြင်းတဲ့သူက Deodorant မသုံးပေးလို့ မရပါဘူး။ ချွေးနံ့ကို သေချာထိန်းပေးနိုင်တဲ့ Deodorant ကောင်းကောင်းသုံးပါ။ Deodorant မသုံးရင် အနံ့မထိန်းနိုင်တဲ့အတွက် ချွေးနံ့ပိုထွက်စေပါတယ်။ ချွေးထွက်သန်တဲ့နေရာတွေကိုလည်း သေချာသန့်ရှင်းပေးဖို့ မမေ့ပါနဲ့။
ရေမွှေးသုံးပါ
ချွေးနံ့ပြင်းတယ်ဆိုရင် ရေမွှေးအနံ့ကောင်းကောင်းလေးကို စွဲသုံးပေးပါ။ ရေမွှေးအနံ့က ကိုယ်သင်းနံ့လိုမျိုး စွဲနေမယ်ဆိုရင် ချွေးနံ့ကိုလည်း ထိန်းပြီးသားဖြစ်သလို ကိုယ်ဖြတ်လျှောက်သွားတိုင်းမှာလည်း ရေမွှေးနံ့လေး ကျန်နေခဲ့ပါလိမ့်မယ်။
Lotion လိမ်းပါ
Lotion ကိုလည်း အနံ့ကောင်းတာလေး သုံးပေးပါ။ Lotion လိမ်းပေးရင် အသားအရေစိုပြည်ပြီး အနံ့ကလည်း ကိုယ်မှာစွဲတဲ့အတွက် ချွေးနံ့ပြင်းတာကို နည်းနည်းတော့ သက်သာစေပါတယ်။
Body Scrub ပုံမှန်တိုက်ပါ
ခန္ဓာကိုယ်က အညစ်အကြေးနဲ့ အဆိပ်အတောက်တွေများနေရင်လည်း ကိုယ်နံ့နံတာမျိုး၊ ချွေးနံ့ပိုထွက်လာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် Body Scrub ပုံမှန်တိုက်ပေးပါ။ Body Scrub ပုံမှန်တိုက်ပေးရင် အသားအရေကြည်လင်ပြီး ခန္ဓာကိုယ်က အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။