စားပြီးလည်း ခဏခဏဗိုက်ဆာတာမျိုးတွေ ကြုံဖူးမှာပါ။ အခုပဲစားပြီးတယ် ခဏနေကျတော့ ဗိုက်ပြန်ဆာရောဆိုတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တကယ်တော့ ခဏခဏဗိုက်ဆာနေတာက အစာခြေစနစ် အရမ်းကောင်းနေတဲ့အပြင် ဒီအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်တာများပါတယ်။
မနက်စာကိုသေချာမစားခြင်း
မနက်စာ Breakfast ကို သေချာမစားရင်လည်း ခဏခဏဗိုက်ဆာပါတယ်။ တစ်နေ့တာအတွက် မနက်စာက အရမ်းကို အရေးကြီးပါတယ်။ မနက်စာကို အာဟာရရှိအောင် စားပေးမှ တစ်နေကုန်အားအင်ပြည့်ဝပြီး Active ဖြစ်မယ်၊ ကျန်းမာပါမယ်။ မနက်စာကို ဘာမှမစားပဲနေခြင်းက အားလျော့စေပြီး သွေးတွင်းသကြားဓာတ်လည်း လျော့ကျစေလို့ ခဏခဏဗိုက်ဆာစေပါတယ်။
အာဟာရရှိအောင်မစားခြင်း
အစားအသောက်စားတဲ့အခါမှာ အာဟာရရှိအောင် ဗိုက်ပြည့်အောင် ထမင်းကို သေချာမစားပဲ သရေစာမုန့်တွေကိုပဲ ဟိုဟာနည်းနည်းစားလိုက်၊ ဒီဟာနည်းနည်းစားလိုက် လုပ်တာတွေကလည်း ခဏခဏ ဗိုက်ပြန်ဆာစေပါတယ်။ ဒါကြောင့် အစားအသောက်ကို အာဟာရရှိအောင် သေချာစားပါ။
ရေသောက်နည်းခြင်း
ရေသောက်နည်းရင် ခန္ဓာကိုယ်က Dehydration ဖြစ်လာပြီး အားလျော့ကာ ခဏခဏ ဗိုက်ဆာတတ်ပါတယ်။ ရေဓာတ်ပြည့်ဝနေဖို့က အရမ်းကိုအရေးကြီးတာကြောင့် ရေများများသောက်ပေးဖို့လည်း မမေ့ပါနဲ့။
Stress များခြင်း
Stress တွေ အရမ်းများနေရင်လည်း ခန္ဓာကိုယ်က ဟော်မုန်းအပြောင်းအလဲကြောင့် ခဏခဏဗိုက်ဆာတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် Stress ရှိရင် ပြေလျော့အောင်လုပ်ပါ။ ရေများများသောက်ပါ။ အာဟာရရှိတာတွေကိုလည်း စားပေးပါ။
အိပ်ရေးပျက်ခြင်း
အိပ်ချိန်မလုံလောက်တာတွေ၊ အိပ်ရေးပျက်တာတွေ များရင်လည်း ဗိုက်ခဏခဏဆာသလိုမျိုး ဖြစ်တတ်ပါတယ်။ စားပြီးလည်း ဗိုက်ဆာနေတတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့လည်း အရေးကြီးပါတယ်။