တစ်ခါတစ်လေကျရင် အထီးကျန်သလို ခံစားရတဲ့အချိန်ဆိုတာ လူတိုင်းလိုလို ဖြစ်တတ်ပါတယ်။ အထီးကျန်သလို ခံစားရလို့ဆိုပြီး စိတ်ညစ်နေတာ၊ အားငယ်နေတာမျိုး မဖြစ်ပါနဲ့။ အထီးကျန်တယ်လို့ ခံစားရတဲ့အခါမှာ ကိုယ့်အတွက်အကျိုးရှိအောင် ဒီအရာလေးတွေကို လုပ်ကြည့်ပါ။

စာအုပ်ဖတ်ပါ

အထီးကျန်တယ်လို့ ခံစားရရင် ဝမ်းနည်းအားငယ်မနေပဲ စာအုပ်ဖတ်လိုက်ပါ။ စာအုပ်ဖတ်တာက ကိုယ့်အတွက်လည်း အကျိုးရှိသလို အထီးကျန်တဲ့ ခံစားမှုတွေကိုလည်း လျော့ကျသွားစေပါတယ်။ ဒါကြောင့် စာအုပ်ဖတ်တာလောက် ကောင်းတဲ့အရာမရှိပါဘူး။

တစ်ခုခုသင်ယူကြည့်ပါ

အားနေရင် ပိုပြီးတော့ အထီးကျန်သလို ခံစားရစေပါတယ်။ ဒါကြောင့် တစ်ခုခုကို လေ့လာသင်ယူကြည့်ပါ။ ကိုယ်ကြိုက်တဲ့အရာတစ်ခုခု၊ ကိုယ်လုပ်ချင်စိတ်ရှိတဲ့ အရာတစ်ခုခုကို လုပ်ကြည့်နေရင် အထီးကျန်တာ သက်သာပြီး အဆင်ပြေသွားပါလိမ့်မယ်။

အပင်စိုက်ပါ

အပင်စိုက်ရတာကလည်း ပျော်စရာကောင်းပါတယ်။ ကိုယ်တိုင် အလှဆင် စိုက်ပျိုးပြီး အပင်လေးတွေ ကြီးလာရင်၊ ပန်းလေးတွေပွင့်လာရင် အရမ်းပျော်ရွှင် ကြည်နူးရပါတယ်။

ကိုယ်ချစ်တဲ့တိရိစ္ဆာန်လေးတွေမွေးပါ

တိရိစ္ဆာန်ချစ်တဲ့သူဆိုရင် ကိုယ်ချစ်တဲ့ တိရိစ္ဆာန်လေးတွေမွေးကြည့်ပါ။ သူတို့လေးတွေနဲ့ရှိနေရင် အထီးကျန်တာ သက်သာစေပါတယ်။ စိတ်ပျော်ရွှင်ကြည်နူးရပါတယ်။

Workout လုပ်ပါ

အထီးကျန်ရင် ဝမ်းနည်းအားငယ်မနေပဲ Workout လုပ်လိုက်ပါ။ Body လည်းလှလာမယ်၊ စိတ်လည်းပေါ့ပါးပြီး အထီးကျန်တာတွေလည်း လျော့ကျသွားမှာပါ။

ရုပ်ရှင်ကြည့်ပါ

အထီးကျန်ပေမယ့် ဘာမှမလုပ်ချင်ရင် ရုပ်ရှင်သာကြည့်နေပါ။ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တွေကြည့်လိုက်၊ ဟာသတွေ ကြည့်လိုက်နဲ့ အေးဆေး Chill နေလို့ရပါတယ်။