ပိုက်ဆံစုချင်စိတ်ရှိပေမယ့် တကယ်လက်တွေ့မှာ မစုဖြစ်တာမျိုး ဖြစ်ဖူးကြမှာပါ။ စုပြီဆိုလည်း နည်းနည်းလေးကနေ မတက်တော့ဘူး၊ တစ်ခါတစ်လေလည်း စုထားတာလေးကို ပြန်ထုတ်သုံးမိတာမျိုး ရှိမှာပါ။ ဒါကြောင့် စုမယ်ဆိုရင်လည်း ပိုက်ဆံများများ သေချာစုဖြစ်အောင်လို့ ကူညီပေးမယ့် ရိုးရှင်းသော နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပိုက်ဆံကိုသေချာစီမံခန့်ခွဲပါ

ပိုက်ဆံကိုရတာနဲ့ယူသုံးလိုက်တာမျိုး၊ စုထားပြီး ပြန်ထုတ်သုံးတာမျိုး၊ ကိုယ်သုံးချင်တာသုံးပြီး ပိုမှစုတာမျိုးမလုပ်ပါနဲ့။ ပိုက်ဆံကို သေချာစီမံခန့်ခွဲပါ။ ကိုယ့်ဝင်ငွေနဲ့ ကိုယ်သုံးဖို့ဖယ်တာ၊ ပေးစရာရှိတာ ဖယ်တာတွေ လုပ်ပါ။ စုဖို့အတွက် target ထားပြီး ဘယ်လောက်စုမယ်ဆိုတာ သတ်မှတ်ပြီး ရအောင်စုပါ။

အသုံးစရိတ်ကိုလျှော့ပါ

မလိုအပ်တာတွေ မဝယ်ပဲ မသုံးပဲ လိုအပ်တာ၊ မဖြစ်မနေဝယ်ဖို့လိုတာကိုပဲဝယ်ပါ။ အပိုသုံးမိနေတာတွေကို လျှော့ချပစ်လိုက်ပါ။ အသုံးစရိတ်ကိုလျှော့မှ စုဖို့အတွက် များများထွက်လာမှာပါ။

လုံးဝပြန်မထုတ်ပါနဲ့

စုထားတာကို လုံးဝပြန်မထုတ်ပါနဲ့။ စုထားတာကို ထုတ်သုံးတတ်ရင်တော့ ဘယ်တော့မှ သေချာစုဖြစ်မှာ မဟုတ်ပါဘူး။ ပြန်ထုတ်ဖို့လွယ်ကူတဲ့ နေရာမျိုးမှ လုံးဝမစုပါနဲ့။

ဝင်ငွေပိုတိုးလာအောင်လုပ်ပါ

ပိုက်ဆံများများရလာအောင် စုချင်တယ်ဆိုရင်တော့ အရင်ထက်ပိုပြီး အလုပ်ကြိုးစားရပါမယ်။ Income တွေရှာပြီး ရလာတာကို တစ်ပြားမှမသုံးပဲ အကုန်စု၊ အရင်ကရနေကျပိုက်ဆံလေးနဲ့ပဲ အဆင်ပြေအောင်သုံးတာမျိုး လုပ်မယ်ဆိုရင် အချိန်တိုလေးနဲ့လည်း ပိုက်ဆံများများစုဖြစ်လာမှာပါ။

ရည်မှန်းချက်ထားပါ

ပိုက်ဆံကို ဘယ်လောက်အထိ ရအောင်စုမယ်ဆိုတဲ့ amount တစ်ခုကို အကြမ်းဖျင်း သတ်မှတ်လိုက်ပါ။ ပြီးရင် ဒီ amount ရလာရင် ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ထားပါ။ ဒါဆိုရင် စုဖို့အတွက် ပိုပြီးတော့ motivation ရစေလို့ သေချာစုဖြစ်မှာပါ။