ညဘက်မှာ အကြောင်းအမျိုးမျိုးကြောင့် တစ်ခါတစ်လေကျရင် အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ တော်တော်များများက အိပ်မပျော်ရင် ဖုန်းကောက်သုံးလိုက်တာပါပဲ။ အဲ့တော့ မျက်စိကြောင်ပြီး အိပ်မပျော်တာက ပိုဆိုးသွားရော။ တစ်ခါတစ်လေဆို မိုးလင်းသွားရော။ ခဏခဏဆို အကျင့်ဖြစ်သွားမှာပါ။ ဒါကြောင့် ညအိပ်မပျော်တဲ့အခါမှာ အကျိုးရှိအောင် လုပ်ကြည့်သင့်တဲ့အရာ ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။ မြန်မြန်လည်း ပြန်အိပ်ပျော်သွားစေမှာပါ။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်တာက ကိုယ့်အတွက်လည်း အကျိုးရှိစေသလို ဖတ်တဲ့အချိန် နည်းနည်းကြာလာရင် မျက်စိညောင်းပြီး အိပ်ချင်လာပါလိမ့်မယ်။ ဒါကြောင့် အိပ်မပျော်ရင် အိပ်ခါနီးမှာ စာအုပ်ဖတ်ပေးပါ။

တရား (သို့) တီးလုံးနားထောင်ပါ

အိပ်မပျော်ရင် နားကျပ်တပ် တရားဖွင့်ပြီး မျက်စိမှိတ်ကာ အသက်ကို ရှူသွင်းရှူထုတ် ဖြေးဖြေးချင်းစီလုပ်ပြီးနေပါ။ ပြန်အိပ်ပျော်သွားပါလိမ့်မယ်။ တရားနားမထောင်ချင်ရင် မြန်မြန်အိပ်ပျော်ဖို့အတွက် လုပ်ပေးထားတဲ့ တီးလုံးလေးတွေ ရှိပါတယ်။ Youtube မှာ ရှာကြည့်လို့ရပါတယ်။ အဲ့တာလေးတွေ နားထောင်ပြီး ခုနကလိုပဲ မျက်စိမှိတ် အသက်ရှူသွင်းရှူထုတ်လုပ်ကြည့်ပါ။

ယောဂကျင့်ပါ

အိပ်မပျော်တော့ဘူး၊ စိတ်တွေလည်း ရှုပ်ထွေးလာတယ်ဆိုရင် လေ့ကျင့်ခန်း ထမလုပ်ပါနဲ့။ ယောဂကျင့်ပါ။ ယောဂကျင့်တာက ပိုအဆင်ပြေပါတယ်။ စိတ်တည်ငြိမ်ပြီး ပြန်အိပ်ပျော်စေဖို့လည်း ကူညီပေးပါတယ်။

တရားထိုင်ပါ၊ ပုတီးစိပ်ပါ

အိပ်မပျော်ရင် ဖုန်းသုံးမယ့်အစား၊ တီဗီကြည့်မယ့်အစား ကိုယ့်အတွက် အကျိုးရှိအောင် တရားထိုင်တာပဲဖြစ်ဖြစ်၊ ပုတီးစိပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။

Essential Oil ရှူပါ

ကိုယ်အိပ်တဲ့အခန်းကို essential oil ဖြန်းတာပဲဖြစ်ဖြစ်၊ အမွှေးနံ့ထည့်တဲ့စက်လေးတွေနဲ့ ထည့်ပြီးထားတာပဲဖြစ်ဖြစ် လုပ်ပြီးတော့ ရှူပေးပါ။ အဲ့အနံ့လေးတွေက စိတ်ကြည်စေပြီး မြန်မြန်အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။