အကြောပြတ်ရာတွေရှိလို့ စိတ်ညစ်နေသူများအတွက် အကြောပြတ်ရာတွေသက်သာစေဖို့ ကူညီပေးမယ့် ရိုးရှင်းသော နည်းလမ်းကောင်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အကြောပြတ်ရာရှိတာက ရှက်စရာမဟုတ်သလို၊ အားနည်းချက်လည်း မဟုတ်တဲ့အတွက် confident ရှိရှိသာနေပါ။ အကြောပြတ်ရာတွေ သက်သာချင်တယ်ဆိုလည်း အိမ်မှာ ကိုယ်တိုင်ဂရုတစိုက်နဲ့ ဒီနည်းလမ်းတွေကိုလုပ်ပေးပါ။
ရေဓာတ်ဖြည့်ပါ
ခန္ဓာကိုယ်က ရေဓာတ်ပြည့်နေရင် အကြောပြတ်ရာတွေ သက်သာသွားစေပါတယ်။ ဒါကြောင့် ရေကို တစ်နေ့ ဖန်ခွက် ၁၀ ခွက်စာ သောက်ပေးပါ။ အဲ့ထက်ပိုသောက်နိုင်လေ ကောင်းလေပါပဲ။
Scrub လုပ်ပါ
Scrub လုပ်ပေးရင် အကြောပြတ်ရာတွေ သက်သာစေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ ပုံမှန် Scrub လုပ်ပေးပါ။ Scrub လုပ်ပြီးတိုင်းမှာလည်း Lotion သေချာပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။ အချိန်တော့ယူပေးရပါမယ်။ သေချာစိတ်ရှည်ရှည်နဲ့ ပုံမှန်စွဲလုပ်ပေးသွားရင် အကြောပြတ်ရာတွေက သိသိသာသာကို သက်သာသွားမှာပါ။
Moisturizing
ခန္ဓာကိုယ်က အသားအရေခြောက်သွေ့နေရင် အကြောပြတ်ရာတွေ ပိုဆိုးစေပါတယ်။ ဒါကြောင့် Moisturiziing အပိုင်းကလည်း အရေးကြီးပါတယ်။ ဒီတော့ Lotion အမြဲလိမ်းပါ။ အသားခြောက်တတ်တဲ့သူဆိုရင် Lotion နဲ့ Body Oil ကို ရောလိမ်းပါ။ အကြောပြတ်ရာအတွက် တစ်ခုထဲကိုပဲ သေချာစွဲလိမ်းချင်တယ်ဆိုရင်တော့ Bio Oil လိမ်းပါ။ ညတိုင်းသာ သေချာနှိပ်နယ်ပြီး လိမ်းပေးရင် အကြောပြတ်ရာတွေ ပါးသွားပါလိမ့်မယ်။
လေ့ကျင့်ခန်းလုပ်ပါ
အကြောပြတ်ရာတွေ သက်သာစေဖို့ကူညီပေမယ့် လေ့ကျင့်ခန်းတွေလည်း အများကြီးရှိပါတယ်။ Youtube ကနေရှာပြီး သေချာလိုက်လုပ်ကြည့်ပါ။ အရမ်းလည်းမခက်တဲ့အတွက် တစ်နေ့ကို အချိန်နည်းနည်းပေးပြီး လုပ်ကြည့်သင့်ပါတယ်။