ကျောမှာဝက်ခြံတွေထွက်တာ တချို့ဆိုရင် နှစ်ဖု၊ သုံးဖုလောက်ကနေစပြီး ကျောတစ်ပြင်လုံး ထွက်လာတာမျိုးတွေ ရှိပါတယ်။ ဒီလိုကျောမှာဝက်ခြံထွက်တယ်ဆိုတာက ကိုယ့်ရဲ့ lifestyle ကိုယ်လုပ်နေမိတဲ့ အလေ့အကျင့်တွေကြောင့် ဖြစ်လာတာများပါတယ်။ ဒါကြောင့် ကျောမှာဝက်ခြံတွေထွက်လာအောင် သင်ကိုယ်တိုင်လုပ်မိနေတဲ့ အလေ့အကျင့် ၉ ခုကို ပြောပြပေးလိုက်ပါတယ်။

Conditioner တွေကျောပေါ်ကျခြင်း

ခေါင်းလျှော်ပြီး conditioner တွေသုံးတဲ့အခါမှာ ကျောပေါ်ကျတာကို ရေသေချာစင်အောင် မချိုးပဲ conditioner တွေ ကျောမှာကပ်ကျန်နေရင် ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

Towel တစ်ထည်နဲ့တစ်ကိုယ်လုံးသုံးခြင်း

Towel တစ်ထည်နဲ့ မျက်နှာရော၊ ခန္ဓာကိုယ်တစ်ကိုယ်လုံးပါ သုံးနေရင် မျက်နှာမှာ ဝက်ခြံနဲ့ အဆီဖုထွက်တာမျိုးတွေ ဖြစ်စေသလို၊ ကျောမှာလည်း ဝက်ခြံတွေ ထွက်တတ်ပါတယ်။ Towel ကို မလျှော်ပဲ အကြာကြီးသုံးနေရင်လည်း ဝက်ခြံထွက်မှာပါ။

Body Cream, Body Lotion ကိုအများကြီးလိမ်းခြင်း

Body cream, body lotion တွေကို ကျောပါလိမ်းမယ်ဆိုရင် အများကြီးမလိမ်းပါနဲ့။ အများကြီးလိမ်းရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေ၊ ဖုတွေထွက်လာပါလိမ့်မယ်။ ချွေးနဲ့ လိမ်းထားတာတွေနဲ့ ရောပြီးတော့ ဝက်ခြံထွက်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

ကျောကို Scrub မလုပ်ပေးခြင်း

Body scrub လုပ်ပြီး ကျောကိုလုပ်ဖို့မမေ့ပါနဲ့။ ကျောက ချွေးထွက်များတဲ့အတွက် ပိုပြီးတောင် scrub လုပ်ပေးဖို့ လိုပါသေးတယ်။

အရမ်းကျပ်တဲ့ Gym အဝတ်အစားတွေဝတ်ခြင်း

Gym ဆော့တဲ့အခါမှာ အရမ်းကျပ်တဲ့ အဝတ်အစားတွေဝတ်ရင် ချွေးတွေထွက်ပြီး ချွေးနဲ့ အဝတ်ကျပ်တာနဲ့ အခန့်မသင့်ရင် ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

Gym ဆော့ပြီးတာနဲ့ အဝတ်အစားမလဲခြင်း

Gym ဆော့ပြီးရင် ချွေးပုတ်တွေထွက်တဲ့အတွက် ရေချိုးရင်ချိုး၊ မချိုးရင်တောင်မှ gym ဆော့ရင်ဝတ်ထားတဲ့ အဝတ်အစားနဲ့ အကြာကြီးမနေသင့်ပါဘူး။ ချက်ချင်းလဲသင့်ပါတယ်။ မလဲပဲနေရင် ချွေးနဲ့ အညစ်အကြေးတွေနဲ့ရောပြီး ကျောမှာ အဆီဖုတွေ၊ ဝက်ခြံတွေ အများကြီးထွက်လာပါလိမ့်မယ်။

အိပ်ယာခင်းတွေပုံမှန်မလျှော်ခြင်း

အိပ်ယာခင်းတွေကို ၂ ပတ် တစ်ခါလောက် လျှော်ပြီး လဲပေးသင့်ပါတယ်။ အိပ်ယာခင်းမသန့်ရင်လည်း ကျောမှာ ဝက်ခြံထွက်ပါတယ်။

အဝတ်အစားတွေကိုမလျှော်ပဲပြန်ဝတ်ခြင်း

အဝတ်အစားတွေကို ခဏပဲဝတ်ထားတာ မပေပါဘူးဆိုပြီး ရေချိုးပြီးပြန်ဝတ်တာမျိုး မလုပ်ပါနဲ့။ အင်္ကျီမှာ ချွေးတွေက ကပ်နေတာပါ။ ပြန်ဝတ်လိုက်ရင် ကိုယ့်ခန္ဓာကိုယ်မှာ ပြန်ကပ်သွားတာပါပဲ။

Acne Cleanser မသုံးခြင်း

ကျောမှာဝက်ခြံတွေထွက်နေရင် ရိုးရိုးရေချိုးဆပ်ပြာ မသုံးပါနဲ့။ Acne cleanser သုံးပေးပါ။