မိန်းကလေးတွေအတွက် မလိုအပ်တဲ့နေရာမှာ ပိုက်ဆံအပိုမကုန်ပဲ လှစေဖို့၊ အဆင်ပြေစေဖို့အတွက် အသုံးဝင်စေမယ့် အလှအပဆိုင်ရာ နည်းလမ်းကောင်း ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။
ဆံပင်ဖြောင့်စက်ကိုသန့်စင်နည်း
ကိုယ်သုံးနေတဲ့ဆံပင်ဖြောင့်စက်က သံချေးတက်တာမျိုး၊ တစ်ခုခုပေကျံနေတာမျိုး၊ ဆွဲလို့မကောင်းတာမျိုး ဖြစ်နေရင် အသစ်ဝယ်မယ့်အစား ဒီနည်းလမ်းကို လုပ်ကြည့်ပါ။
မုန့်ဖုတ်ဆိုဒါနဲ့ရေကို ရောထည့်ပြီးမွှေပါ။ ပြီးရင်တော့ တစ်ရှူးနဲ့ယူပြီး စက်အတွင်းဘက်ကို ပွတ်ပေးပါ။ ပြီးရင် sponge နဲ့ သုတ်ပေးပြီး အခြောက်ခံထားလိုက်ရုံပါပဲ။
Mascara ခြောက်နေရင်
ကိုယ်သုံးနေတဲ့ mascara က expired မဖြစ်သေးပဲ ခြောက်သွားတယ်ဆိုရင် အသစ်ဝယ်မယ့်အစား ဒီနည်းလမ်းကို လုပ်ကြည့်ပါ။ အရမ်းလွယ်ပါတယ်။ ရေနွေးခွက်ထဲကို mascara ထည့်စိမ်ထားလိုက်ရုံပါပဲ။
Lip balm ကျိုးသွားရင်
Lip balm ကျိုးပဲ့သွားရင် လွှင့်မပစ်ပါနဲ့။ တံတောင်ဆစ်နဲ့ ဒူးခေါင်းတွေကို ပွတ်လိမ်းပေးပါ။ မဲတာ၊ ခြောက်တာတွေ သက်သာစေပါတယ်။
Foundation အရောင်ညိုတာမှားဝယ်မိရင်
Foundation ကို ကိုယ့်အသားအရောင်ထက်ညိုတာမျိုး မှားဝယ်မိရင် moisturizer နဲ့ရောလိမ်းကြည့်ပါ။ Foundation အရောင်ပိုလင်းသွားစေပါတယ်။
လက်သည်းနီခြောက်သွားရင်
လက်သည်းနီပုလင်းထဲက လက်သည်းနီတွေခြောက်သွားရင် လွှင့်မပစ်ပါနဲ့။ မျက်စဉ်းဆေးရည်ကို ထည့်ပြီးသုံးလို့ရပါတယ်။
လက်သည်းနီကြာရှည်ခံအောင်
လက်သည်းနီတွေ ခြောက်တာ၊ ပျစ်တာမျိုး လုံးဝမဖြစ်ပဲ နှစ်နဲချီအောင် အကောင်းအတိုင်းရှိပြီး ကြာရှည်ခံစေဖို့ဆိုရင် လက်သည်းနီပုလင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။
Concealer မရှိရင်
Concealer မရှိရင်လည်း မပူပါနဲ့။ Foundation အရောင်လင်းတာကို concealer အဖြစ်နဲ့ သုံးလို့ရပါတယ်။
Rubber Ring
ဆော့တဲ့အခါမှာသုံးတဲ့ ပစ်တဲ့ rubber ring ကိုသုံးပြီးတော့ ဒီလိုဆံပင်လိပ်လို့ရပါတယ်။ အရမ်းကိုငွေအကုန်အကျသက်သာပြီး လှသွားစေမယ့် နည်းလမ်းပါပဲ။
source:www.brightside.me