တစ်ခါတစ်လေကျရင် အလုပ်လုပ်နေရင်းနဲ့ အာရုံစူးစလိုက်နိုင်မှုမရှိတော့တာမျိုး၊ နေ့တိုင်းလိုလို အလုပ်နဲ့ပတ်သက်ပြီး focus မလုပ်နိုင်တော့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို အလုပ်မှာ အာရုံစူးစိုက်နိုင်မှုတွေ မရှိတော့တဲ့အခါမှာ ပြန်ပြီးအလုပ်လုပ်ဖို့ စိတ်ပါလာအောင်၊ ပြန်ပြီး focus လုပ်နိုင်အောင် ဒီအရာတွေကို လုပ်ကြည့်သင့်ပါတယ်။
ခဏအနားယူလိုက်ပါ
အလုပ်မှာ အာရုံစူးစိုက်နိုင်မှုတွေ လုံးဝမရှိတော့ပဲ စိတ်တွေရှုပ်၊ ခေါင်းတွေရှုပ်ဖြစ်လာရင် အကောင်းဆုံးကတော့ ခဏအနားယူလိုက်ပါ။ အလုပ်နဲ့ပတ်သက်ပြီး ဘာမှကိုမလုပ်ပါနဲ့တော့။ ဘာမှလည်းမစဉ်းစားပါနဲ့တော့။ ဒါမှ စိတ်ကြည်ပြီး စိတ်ရှင်းသွားတဲ့အခါမှာ ပြန်ပြီး focus လုပ်နိုင်ပါလိမ့်မယ်။
Stress တွေကိုလျှော့ချလိုက်ပါ
ကိုယ့်မှာ stress တွေရှိနေရင်လည်း အလုပ်နဲ့ပတ်သက်ပြီး အာရုံစူးစိုက်နိုင်မှုတွေ လျော့ကျလာပါတယ်။ ဒါကြောင့် stress တွေကို လျှော့ပေးပါ။ ကိုယ်စိတ်ကျေနပ်စေမယ့်အရာ၊ ပျော်ရွှင်ရမယ့်အရာလေးတွေကို အစားထိုးလုပ်ကြည့်ပါ။
အားရှိအောင်စားသောက်ပါ
စားချင်တာတွေစားပြီး အားရှိအောင် စားသောက်ဖို့လည်းလိုပါတယ်။ အစာမရှိရင်၊ အစားအသောက်မမှန်ရင်လည်း ကိုယ်ရောစိတ်ပါ မလန်းမဆန်းဖြစ်ပြီး focus လုပ်နိုင်စွမ်းတွေလည်း အလိုလိုလျော့ကျလာပါလိမ့်မယ်။
လေ့ကျင့်ခန်းလုပ်ပေးပါ
စိတ်ရောကိုယ်ပါ relax ဖြစ်ပြီး ပေါ့ပါးလန်းဆန်းသွားအောင် လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးပုပ်တွေပါထွက်သွားအောင် လုပ်ပစ်ပါ။ ပြီးမှ စိတ်ရှင်းသွားပြီ၊ လန်းဆန်းသွားပြီဆိုမှ အလုပ်ပြန်လုပ်ပါ။
လုပ်ဖော်ကိုင်ဖက်တွေနဲ့စကားပြောပါ
အလုပ်မှာ အာရူံစူးစိုက်နိုင်မှုတွေ မရှိတော့ဘူး၊ အရမ်းစိတ်ရှုပ်လာပြီဆိုရင် အလုပ်လုပ်နေတာကို ခဏရပ်ပြီး လုပ်ဖော်ကိုယ်ဖက်တွေနဲ့ စကားပြောလိုက်ပါ။ အကြံဉာဏ်တွေ ဖလှယ်လို့လည်းရပါတယ်။
Schedule လုပ်ကြည့်ပါ
အလုပ်နဲ့ပတ်သက်ပြီး ကိုယ်လုပ်ရမယ့်တစ်နေ့တာကို schedule လုပ်ကြည့်ပါ။ ပြီးမှ တစ်ခုချင်းစီ သေချာ ခေါင်းအေးအေးထားပြီး လုပ်သွားမယ်ဆိုရင် အရာရာအဆင်ပြေသွားမှာပါ။