ကောင်းကောင်းအိပ်မပျော်တဲ့သူတွေအတွက် နေ့ရက်တိုင်းမှာ ပိုမိုကောင်းမွန်စွာနဲ့ အိပ်စက်နိုင်ဖို့ ပြောင်းလဲပြီးလုပ်ကြည့်သင့်တဲ့ အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

အိပ်ခန်းကိုမှောင်အောင်ထားပါ

ကိုယ်အိပ်မယ့်အိပ်ခန်းကို မှောင်နေအောင်လုပ်ပါ။ အလင်းရောင်ဝင်ပြီး ဆူညံနေရင် အိပ်ရတာ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ချင်နေရင်တောင်မှ မျက်စိကြောင်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Screen Time သတ်မှတ်ပါ

အရေးအကြီးဆုံးကတော့ screen time သတ်မှတ်ဖို့ပါပဲ။ ၁၀ နာရီအိပ်မယ်လို့ ဆုံးဖြတ်ထားရင် ၈း၃၀ ကစပြီး screen time ကို အနားပေးလိုက်ပါ။ ဖုန်းသုံးတာ၊ တီဗီကြည့်တာ၊ ကွန်ပြူတာသုံးတာတွေ ဘာမှမလုပ်ပါနဲ့တော့။

တရားထိုင်ပါ

အိပ်ခါနီးမှာ တရားထိုင်ပေးခြင်းက ညဘက်တွေက စိတ်ကြည်ကြည်လင်လင်နဲ့ ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာ lifestyle ထဲမှာ တရားထိုင်တာကိုလည်း ထည့်သွင်းထားပါ။

Supplement တစ်ခုခုသောက်ကြည့်ပါ

အိပ်မပျော်တဲ့အကျင့်က အရမ်းဆိုးလာပြီဆိုရင် supplement တစ်ခုခုကို မှီဝဲပြီး သောက်ကြည့်ပါ။ အိပ်ခန်းမှာ essential oil သုံးတာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။

တစ်နေ့တာမှတ်တမ်းချရေးပါ

ညအိပ်ယာဝင်ခါနီးမှာ တစ်နေ့တာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို နေ့စဉ်မှတ်တမ်းချရေးပေးခြင်းက စိတ်အတွက် အရမ်းကောင်းပါတယ်။ စိတ်ပေါ့သွားစေလို့ အိပ်တဲ့အခါမှာ အတွေးမများတော့ပဲ မြန်မြန်အိပ်ပျော်စေပါတယ်။

Caffeine ဓာတ်လျှော့ချပါ

အိပ်မပျော်တတ်ဘူးဆိုရင် caffeine ဓာတ်လျှော့ချပါ။ ကော်ဖီမသောက်ရမနေနိုင်ရင်လည်း ညနေပိုင်းကစပြီး မသောက်ပါနဲ့တော့။

နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ

ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ ကိုယ့်ရဲ့တစ်နေ့တာ lifestyle ထဲမှာ လေ့ကျင့်ခန်းလုပ်တာကိုလည်း ထည့်သွင်းပေးပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။