စိတ်ဖိစီးပြီး ပင်ပန်းနေတဲ့ stress ပဲဖြစ်ဖြစ်၊ အိပ်မပျော်လို့ရလာတဲ့ stress ပဲဖြစ်ဖြစ်၊ ရှိတဲ့ stress အမျိုးမျိုးကို လျော့ကျသွားအောင် ကူညီပေးမယ့် အကောင်းဆုံး essential oil တွေကို ဖော်ပြပေးပြီး ဘယ်လိုတွေသုံးရမလဲဆိုတာကိုပါ ပြောပြပေးလိုက်ပါတယ်။

Lavender Essential Oil

စိတ်ရောကိုယ်ပါ relax ဖြစ်ပြီး stress တွေ လျော့ကျသွားစေဖို့ဆိုရင်တော့ lavender essential oil ကို သုံးတာက အကောင်းဆုံးပါပဲ။ အလုပ်လုပ်တဲ့အခါ ကိုယ့်အင်္ကျီမှာ lavender essential oil ကို နည်းနည်းလေးစွတ်ပေးပြီးလုပ်ရင် အလုပ်ကြောင့်ရတဲ့ stress တွေ လျော့ကျစေပါတယ်။

Chamomile Essential Oil

အိပ်မပျော်လို့ရလာတဲ့ stress တွေလျော့ကျပြီး မြန်မြန်အိပ်ပျော်စေဖို့ဆိုရင်တော့ chamomile essential oil ကို သုံးပေးပါ။ အိပ်ခါနီးရင် အိပ်ခန်းထဲမှာ chamomile essential oil ကိုသုံးပေးပါ။ မြန်မြန်အိပ်ပျော်စေမယ့်အပြင် anxiety ပါလျော့ကျစေပါတယ်။

Sandalwood Essential Oil

စိုးရိမ်ပူပန်မှုတွေ၊ သောကတွေများပြီး stress ပိနေရင်တော့ sandalwood essential oil ကိုသုံးပေးတာ အကောင်းဆုံးပါပဲ။ အနံ့ကိုရှူပေးမျိုး လုပ်ပေးပြီး မျက်စိမှိတ်ထားလိုက်ပါ။ တရားထိုင်မယ်ဆိုလည်း ကောင်းပါတယ်။ စိတ်ပေါ့ပါးသွားပါလိမ့်မယ်။

Lemon Essential Oil

စိတ်မကြည်လင်ရင်ပဲဖြစ်ဖြစ်၊ စိတ်ပင်ပန်းနေရင်ပဲဖြစ်ဖြစ် ရလာတဲ့ stress တွေကို လျော့ကျစေပြီး စိတ်ခံစားချက်ကို ပြန်လည်မြှင့်တင်ပေးဖို့ဆိုရင်တော့ lemon essential oil ကိုသာသုံးပါ။ Stress တွေလျော့ကျပြီး energy ပြန်ပြည့်လာပြီး စိတ်ခံစားချက်တွေ ပြန်လည်တက်ကြွလာပါလိမ့်မယ်။

Jasmine Essential Oil

Depression ဝင်ပြီး စိတ်ဓာတ်ကျနေရင်တော့ jasmine essential oil လေးနဲ့ ပြန်လည်ကုသကြည့်ပါ။ ကိုယ့်မှာဖြစ်နေတဲ့ negative emotions တွေ၊ depression ဝင်နေတာတွေ အားလုံးလျော့ကျသွားစေပြီး စိတ်ကြည်နူးမှုရလာစေပါတယ်။ အနံ့ကိုရှူပြီး တရားထိုင်ပေးရင် ပိုကောင်းပါတယ်။