တစ်နေ့ကို ၁၅ မိနစ်လောက် ပုံမှန်တရားထိုင်ပေးခြင်းကြောင့် ဒီလိုကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။ တရားမမှတ်နိုင်လည်း ရပါတယ်။ အဓိကကတော့ မျက်စိမှိတ်ပြီး ငြိမ်ငြိမ်လေး တရားထိုင်သလို အာရုံစုစည်းပြီး ထိုင်ပေးဖို့ပါပဲ။

Brain cells တွေပိုမိုကောင်းမွန်လာခြင်း

တစ်နေ့ကို ၁၅ မိနစ်လောက် ပုံမှန်တရားထိုင်ပေးခြင်းက brain cells တွေပိုမိုကောင်းမွန်လာပြီး ဦးနှောက်အလုပ်လုပ်နိုင်စွမ်းတွေ ပိုကောင်းလာစေပါတယ်။ မှတ်ဉာဏ်ပိုကောင်းလာပြီး သင်ယူနိုင်စွမ်းလည်း ပိုကောင်းလာစေပါတယ်။

Stress တွေလျော့ကျစေခြင်း

အနည်းဆုံး ၁၅ မိနစ်လောက် တရားထိုင်ပေးရင် stress တွေ သိသိသာသာ လျော့ကျသွားစေပါတယ်။ စိတ်ကြည်လင်ပြီး အေးချမ်းမှုရစေပါတယ်။ စိတ်အရမ်းတိုတတ်ရင် နေ့တိုင်း တရားထိုင်ပေးပါ။ ကိုယ့်စိတ်ကို control လုပ်နိုင်လာပါလိမ့်မယ်။

အိပ်မပျော်တာကိုကုသပေးနိုင်ခြင်း

နေ့တိုင်းတရားထိုင်တာကို အကျင့်လုပ်ပေးမယ်ဆိုရင်တော့ ညဘက်တွေအိပ်မပျော်တတ်တဲ့ အကျင့်ကို ကုသပေးနိုင်ပါတယ်။ ညဘက်တွေအိပ်မပျော်တဲ့သူဆို တစ်နေ့ကို အချိန်နည်းနည်းပေးပြီး တရားထိုင်သင့်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်လာမှာပါ။ အိပ်ခါနီးမှာ တရားထိုင်ပေးရင်လည်း ကောင်းပါတယ်။

သွေးပေါင်ချိန်ကို Control လုပ်ပေးနိုင်ခြင်း

တစ်နေ့ကို ၁၅ မိနစ်လောက် ပုံမှန်တရားထိုင်ပေးတာက သွေးပေါင်ချိန်ကိုလည်း control လုပ်ပေးပါတယ်။ သွေးပေါင်ချိန်မှန်စေဖို့အတွက် အထောက်အကူပြုပါတယ်။ တရားထိုင်ရင်းနဲ့ အသက်ရှူလေ့ကျင့်ခန်းလေးပါ တွဲလုပ်ပေးပါ။

စိတ်သစ်လူသစ်ဖြစ်စေခြင်း

တရားထိုင်ပြီးတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းပြီး စိတ်ကြည်လင်သွားစေတယ်။ စိတ်ရှင်းသွားစေတယ်။ အရာရာစိတ်သစ်လူသစ်ပုံစံမျိုး ဖြစ်သွားစေပါတယ်။