နေ့စဉ်အသုံးပြုနေတဲ့ပစ္စည်းတွေနဲ့ ရုတ်တရက်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လူတိုင်းအတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းတွေ ဖြစ်မှာပါ။
ဇစ်ခေါင်းပြုတ်တဲ့အခါ
အင်္ကျီကဇစ်ခေါင်းတွေ ရုတ်တရက်ပြုတ်ထွက်သွားရင် ပုံမှာပြထားတဲ့အတိုင်း ခရင်းကိုသုံးပြီး ဇစ်ခေါင်းကိုတွန်းတင်ပြီး ပြန်တပ်လို့ရပါတယ်။
ခံတွင်းအနံ့နံတဲ့အခါ
ခံတွင်းအနံ့နံရင် ဖန်ခွက်ထဲကို ရေထည့်ပြီး ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်မွှေပါ။ ပြီးရင် အဲ့ဆားရည်နဲ့ မနက်တစ်ခေါက်၊ ညတစ်ခေါက် အာလုပ်ကျင်းပေးပါ။
ဂျိုင်းနံ့နံတဲ့အခါ
ဂျိုင်းနံ့နံတဲ့အခါ ရုတ်တရက် roll on တွေလိမ်းဖို့လည်း မရှိဘူးဆိုရင် တစ်ရှူပေါ်ကို သံပယိုရည်ညှစ်ချပြီး အဲ့တာနဲ့ ဂျိုင်းကိုပွတ်ပေးပါ။ ဂျိုင်းနံ့သက်သာစေပါတယ်။
Shaving လုပ်ရင်းဓားထိတဲ့အခါ
Shaving လုပ်ရင်းနဲ့ ဓားထိတဲ့အခါကျရင် lip balm လေးနဲ့သာ ထိသွားတဲ့နေရာကို လိမ်းလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။
သံရိုက်တဲ့အခါ
သံရိုက်တဲ့အခါမှာ တူနဲ့ လက်မကိုထုမိတာမျိုးမဖြစ်အောင် ပုံမှာပြထားတဲ့အတိုင်း ကလစ်အမဲလေးကိုသုံးပြီး ရိုက်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်မရှိတဲ့အခါ
ခေါင်းမှာ ဗောက်တွေထနေပေမယ့် ဗောက်ပျောက်တဲ့ ခေါင်းလျှော်ရည်မရှိရင်၊ ဝယ်ဖို့အဆင်မပြေရင် mouthwash ရှိရုံနဲ့ ရပါတယ်။ ရေနဲ့ mouthwash နဲ့ကို ဆတူရောပြီး ဦးရေပြားမှာ နှံ့အောင်လိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီး ရှိတဲ့ခေါင်းလျှော်ရည်နဲ့ပဲ ခေါင်းပြန်လျှော်လိုက်ပါ။ ဗောက်တွေသက်သာစေပါတယ်။