ဆားခါးနဲ့ရေစိမ်ချိုးပေးခြင်းက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေရှိသလို စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကောင်းကျိုးတွေ ရရှိစေပါတယ်။ ဒါကြောင့် ဘယ်လိုနည်းလမ်းတွေကိုသုံးပြီး ဆားခါးနဲ့ ရေစိမ်ချိုးပေးရမလဲ၊ ဘယ်လိုကောင်းကျိုးတွေ ရရှိစေမလဲဆိုတာတွေကို ပြောပြပေးလိုက်ပါတယ်။
ဆားခါးနဲ့ဂျင်း
Bath tube ထဲကို ထောင်းထားတဲ့ဂျင်း – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ဆားခါး – ၂ ခွက်စာထည့်ပြီး ရေနွေးနဲ့ စိမ်ပေးပါ။
ဒီနည်းလမ်းနဲ့ ရေစိမ်ချိုးပေးမယ်ဆိုရင်တော့ ကိုယ်တွင်းအဆိပ်အတောက်တွေကို သဘာဝအတိုင်း ဖယ်ရှားပေးပြီး ချွေးပေါက်တွေပွင့်လာစေတယ်။ ချွေးပုတ်တွေထွက်သွားစေပါတယ်။ ဝိတ်ကျစေဖို့အတွက်လည်း အထောက်အကူပြုတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။
ဆားခါးနဲ့မုန့်ဖုတ်ဆိုဒါ
ဆားခါးနဲ့မုန့်ဖုတ်ဆိုဒါ ၂ ခွက်စာကို bath tube ထဲထည့်ပြီး ရေနွေးနဲ့စိမ်ပေးပါ။ ပြီးရင် body ကို နူးညံ့တဲ့ sponge နဲ့ ဖြေးဖြေးချင်းစီ ညှင်သာစွာတိုက်ပေးပါ။
ဒီနည်းလမ်းကိုလုပ်ပေးခြင်းကတော့ dead skin cells တွေကို ဖယ်ရှားပေးပြီး အသားအရေပိုကောင်းလာစေပါတယ်။
ဆားခါးနဲ့ Apple cider vinegar
ဆားခါးနဲ့ apple cider vinegar ကို ၁ အချိုး ၂ ရောစေပ်ပြီး ရေနွေးနဲ့ရောကာ bath tube ထဲမှာ မိနစ် ၃၀ – မိနစ် ၄၀ လောက် စိမ်ပေးပါ။
ဒီနည်းလမ်းကိုလုပ်ပေးခြင်းကတော့ အဆစ်အမြစ်နာကျင်တာတွေ သက်သာစေပြီး stress တွေလျော့ကျစေပါတယ်။ ကြွက်သားတွေ ပြေလျော့စေပြီး ပေါ့ပါးစေပါတယ်။ စိတ်ကြည်လင်လန်းဆန်းစေပါတယ်။