ခြေသလုံးမွှေးကို ရိတ်တာထက် waxing လုပ်တာက ဘာကြောင့်ပိုကောင်းလဲဆိုတဲ့ အဓိကအကြောင်းအရင်း ၄ ခုကို ပြောပြပေးချင်ပါတယ်။ အခုခေတ်မှာတော့ တော်တော်များများက waxing ပဲလုပ်ကြတာများပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် အမြန်လိုနေတာနဲ့၊ လုပ်ရမှာပျင်းနေတာနဲ့ အမြန်ပြီးတဲ့ ရိတ်တာကိုပဲ လုပ်မိတတ်ကြပါတယ်။

နာကျင်တာ၊ ယားယံတာမဖြစ်စေခြင်း

ခြေသလုံးမွှေးရိတ်မယ်ဆိုရင် အခန့်မသင့်တဲ့အခါကျ ဓားရှတာမျိုး၊ ထိတာမျိုးတွေဖြစ်ပြီး သွေးထွက်တတ်ပါတယ်။ ပြီးရင် ယားယံတာမျိုး၊ အရေပြားအသီးထသလိုမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။ Waxing လုပ်မယ်ဆိုရင်တော့ ဆွဲခွာတဲ့တစ်ချက်ပဲ နာမှာပါ။ ဒါတောင် တော်တော်ကိုခံနိုင်ရည်မရှိမှသာ နာတယ်လို့ခံစားရမှာပါ။

အမွှေးပြန်ထွက်နှုန်းမမြန်ခြင်း

ခြေသလုံးမွှေးကို ရိတ်မယ်ဆိုရင်တော့ ၃ ရက်လောက်နဲ့တင် အမွှေးပြန်ထွက်ပါတယ။် အမွှေးပြန်ထွက်နှုန်းက အရမ်းမြန်ပြီး ခြေသလုံးမွှေးတွေက အရင်ထက်ပိုမဲပြီး ကြမ်းတာတွေ ထွက်လာမှာပါ။ ဒါကြောင့် waxing ပဲလုပ်သင့်ပါတယ်။ Waxing လုပ်ရင် အမွှေးထွက်နှုန် မမြန်ပါဘူး။

အသားခြောက်သွေ့တာမျိုးမဖြစ်စေခြင်း

ခြေသလုံးမွှေးရိတ်ရင် အသားခြောက်စေပါတယ်။ ဆောင်းတွင်းမှာ အသားပတ်သလိုမျိုး ဖြစ်သွားတာပါ။ သေချာဂရုစိုက်ပြီးလုပ်မှ lotion တွေ body oil တွေလိမ်းမှသာ အဆင်ပြေမှာပါ။ အသားအရေလည်း ထိခိုက်ပါတယ်။ ဒါကြောင့် waxing ပဲလုပ်သင့်ပါတယ်။

အသားချောမွေ့စေခြင်း

ရိတ်မယ်ဆိုရင် အသားခြောက်တဲ့အတွက် အသားအရေက ကိုင်လိုက်ရင် ကြမ်းကြမ်းရှရှကြီး ဖြစ်နေတတ်ပါတယ်။ Waxing လုပ်မယ်ဆိုရင်တော့ အသားအရေက ချောမွေ့ပြီး အိအိလေးဖြစ်သွားစေပါတယ်။ Waxing လုပ်ထားတဲ့ skin ကို lotion တွေ body oil တွေသာလိမ်းလိုက်ရင် glow ပြီးလှနေမှာပါ။