အလှပြင်တဲ့ မိန်းကလေးတိုင်းကတော့ mascara သုံးကြမှာပါ။ Mascara ကို မျက်တောင်ကော့ဖို့အပြင် တခြားနေရာတွေမှာ သုံးလို့ရသလို၊ မျက်တောင်လေးတွေပိုလှအောင် သုံးလို့ရမယ့်နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် မိန်းကလေးတိုင်းသိထားသင့်တဲ့ mascara ရဲ့အသုံးဝင်ပုံ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
မျက်တောင်ပိုထူစေဖို့
Mascara ကော့တဲ့အခါမှာ မျက်တောင်လေးတွေကို ပေါင်ဒါအရင်သုတ်ပြီးတော့မှ mascara နဲ့ မျက်တောင်ကော့မယ်ဆိုရင် ပုံမှန်ထက်ပိုပြီး မျက်တောင်ထူထူလေးဖြစ်စေပါတယ်။
မျက်တောင်ကော့ထားတာပိုလှစေဖို့
Mascara brush လေးကို ပုံမှန်သန့်စင်ပေးပြီးမှ သုံးမယ်ဆိုရင်တော့ မျက်တောင်တွေကပ်တာ၊ တစ်နေရာထဲစုပြီး ထူပျစ်နေတာမျိုး လုံးဝမဖြစ်ပဲ မျက်တောင်ကော့ထားတာက ပိုလှနေစေပါတယ်။
မျက်ခုံးမွှေးအတွက်သုံးလို့ရခြင်း
မျက်ခုံးမွှေးရှိပြီးသားသူတွေဆိုရင် mascara နဲ့ မျက်ခုံးမွှေးကို ဖြီးပေးလိုက်ရင် မျက်ခုံးမွှေးထင်းထင်းလေးနဲ့ သဘာဝဆန်ပြီး လှနေစေပါတယ်။ အချိန်ကုန်ခံပြီး မျက်ခုံးမွှေးလည်း ဆွဲနေစရာမလိုတော့ပါဘူး။
ဆံပင်ဖြူတာကိုဖုံးနိုင်ခြင်း
ဆံပင်ထိပ်နားလေးတွေဖြူနေလို့ ဆိုးဖို့အချိန်မရှိရင် အလွယ်တကူ mascara နဲ့သာဖြီးပေးလိုက်ပါ။ ဖြူနေတာတွေ မဲသွားပါလိမ့်မယ်။ ဒါကတော့ emergency beauty hack တစ်ခုဖြစ်လို့ အရမ်းကိုအသုံးဝင်စေပါတယ်။
မျက်တောင်ကော့တဲ့အခါမှာ Mascara သုံးနည်း
Mascara နဲ့ မျက်တောင်ကော့တဲ့အခါမှာ ထပ်ခါထပ်ခါကော့ရင် မျက်တောင်တွေက တစ်ချောင်းချင်းစီမဖြစ်တော့ပဲ စုသွားပြီး မလှတော့ပါဘူး။ ဒါကြောင့် ဘေးတိုက် ရှေ့တိုးနောက်ဆုတ်ပုံစံလေးနဲ့ ဖြီးပြီးကော့ပေးပါ။ ဒါဆိုရင် မျက်တောင်တွေက ပိုကော့သွားတဲ့အပြင် စုနေတာမျိုး၊ ထူပျစ်နေတာမျိုးလည်း မဖြစ်တော့ပဲ တစ်ချောင်းချင်းစီကော့ပြီး လှနေမှာပါ။