Skincare နဲ့ပတ်သက်ပြီး ဆောင်းရာသီမှာပြုလုပ်တတ်ကြတဲ့ အမှား ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါမှာလည်း ဒီထဲမှာ ကိုယ်လုပ်မိနေတာတွေပါရင် အချိန်မှီပြင်လို့ရမှာပါ။
Exfoliating မလုပ်ခြင်း
ဆောင်းတွင်းမှာ အသားခြောက်တော့ exfoliating လုပ်ရင် အသားပိုခြောက်မယ်ထင်ပြီး မလုပ်တာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ဘယ်လိုရာသီမျိုးမှာပဲဖြစ်ဖြစ် တစ်ပတ်တစ်ခါတော့ exfoliating လုပ်ပေးဖို့လိုပါတယ်။ ဒါမှ ဆဲလ်သေတွေဖယ်ရှားပေးပြီး အသားအရေက ကြည်နေမှာပါ။ မဟုတ်ရင်တော့ အသားအရေက ညစ်ညစ်ကြီးဖြစ်ပြီး ဆောင်းတွင်းဆိုတော့ ပိုဆိုးသွားပါလိမ့်မယ်။
Sunscreen မလိမ်းခြင်း
ဆောင်းတွင်းမှာ ရာသီဥတုမပူဘူးဆိုပြီး အပြင်ထွက်ရင် sunscreen မလိမ်းပဲမနေပါနဲ့။ နေရောင်ခြည်ဒဏ်က အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ညနေ ၄ နာရီနောက်ပိုင်းကလွဲလို့ ကျန်တဲ့အချိန်တွေမှာ sunscreen လိမ်းပေးဖို့လိုပါတယ်။
Moisturizer မလိမ်းခြင်း
ဆောင်းတွင်းမှာ အကြီးမားဆုံးအမှားကတော့ moisturizer မလိမ်းပဲနေတာပါပဲ။ ဆောင်းတွင်းမှာ အသားခြောက်ပြီး အသားအရေညစ်တာတွေ ပိုဖြစ်စေတဲ့အတွက် skincare ကို သေချာလုပ်ပေးရပါတယ်။ အဲ့အတွက် moisturizer က အရမ်းကိုအရေးကြီးပါတယ်။ ကျော်သွားလို့မရပါဘူး။
Alcohol ပါတဲ့ Toner သုံးခြင်း
ဆောင်းတွင်းမှာ အသားခြောက်တဲ့အတွက် alcohol ပါတဲ့ toner တွေသုံးရင် အသားပိုခြောက်စေပါတယ်။ ဒါကြောင့် hydrating toner, alcohol free toner မျိုးကိုပဲ ရွေးသုံးပေးပါ။
နှုတ်ခမ်းသားကိုဂရုမစိုက်ခြင်း
ဆောင်းဝင်လာတာနဲ့ နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်နှုတ်ခမ်းသားကို ဂရုစိုက်ဖို့လည်း မမေ့သင့်ပါဘူး။ ၅ ရက်တစ်ခါလောက် lip scrub လုပ်ပြီး နေ့တိုင်း lip balm or lip mask လိမ်းပေးသင့်ပါတယ်။
ရေနွေးနဲ့ရေချိုးခြင်း
ဆောင်းတွင်းမှာချမ်းတယ်ဆိုပြီး ရေနွေးနဲ့ ရေချိုးတတ်ကြပါတယ်။ တကယ်တော့ ရေနွေးနဲ့ရေချိုးတာက အရေပြားအစိုဓာတ်ကုန်ခမ်းစေပြီး အသားပိုခြောက်စေပါတယ်။ အသားခြောက်တာ၊ အသားပတ်တာတွေဖြစ်ပြီး အသားအရေလည်းမွဲခြောက်ခြောက် ဖြစ်စေပါတယ်။