ခြေထောက်မှာ အမာရွတ်တွေရှိလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အမာရွတ်တွေကို ဖြေးဖြေးချင်းစီပျောက်အောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။

Scrub တိုက်ပါ

၅ ရက်တစ်ခါလောက် Scrub ပုံမှန်တိုက်ပေးခြင်းက အမာရွတ်တွေမှေးမှိန်ပြီး ပါးလာစေပါတယ်။ ပုံမှန်သာစွဲလုပ်ပေးရင် ၂ လလောက်နဲ့ သိသာတဲ့ Result ကို မြင်တွေ့ရမှာပါ။ နှစ်နဲ့ချီအောင်ကြာနေတဲ့ အမာာရွတ်ဟောင်းတွေဆိုရင်တော့ ပုံမှန်သာဇွဲရှိရှိနဲ့ တိုက်ပါ။ ပါးသွားပါလိမ့်မယ်။

Oil Massage လုပ်ပါ

အမာရွတ်တွေကို Oil Massage လုပ်ပေးရင်လည်း အမာရွတ်တွေ ဖြေးဖြေးချင်းစီ ပါးသွားစေပါတယ်။ တစ်နေ့ကို ၅ မိနစ်လောက် လုပ်ပေးပါ။ တစ်နေ့ ၃ ကြိမ်၊ ၄ ကြိမ် လုပ်ပေးလို့ရပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

အရေပြားပြဿနာတွေအတွက်တော့ ရှားစောင်းလက်ပတ်ဂျယ်လ်က အရမ်းကောင်းပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ အမာရွတ်ပေါ်ကို တိုက်ရိုက်ပွတ်ပေးရင်လည်း အမာရွတ်တွေ ဖြေးဖြေးချင်းစီ ပါးသွားစေပါတယ်။ သတိရတိုင်းသာ ပွတ်နေပါ။ အဓိကကတော့ သေချာဇွဲရှိရှိနဲ့ ပုံမှန်လုပ်သွားဖို့ပါပဲ။

Sunscreen လိမ်းပါ

Sunscreen လိမ်းလို့ အမာရွတ်ပျောက်တာမျိုးတော့ မဟုတ်ပေမယ့် Sunscreen လိမ်းပေးခြင်းက အသားအရောင်မညီတာတွေကို သက်သာစေပါတယ်။ Body အတွက် Sunscreen သုံးမယ်ဆိုရင် SPF30 အထက်ရှိတာမျိုးကို သုံးပေးပါ။

အမာရွတ်ပျောက်ဆေး

ပိုပြီးထိထိရောက်ရောက်နဲ့ အမြန်ပျောက်ချင်တယ်ဆိုရင်တော့ အမာရွတ်ပျောက်ဆေးပါ လိမ်းပေးပါ။ အမာရွတ်ပျောက်ဆေးသုံးမယ်ဆိုရင်လည်း တွေ့တဲ့ဟာမသုံးပါနဲ့။ ဆရာဝန်တွေကိုယ်တိုင် ထောက်ခံချက်ပေးထားတာမျိုးကိုပဲ ရွေးသုံးပါ။ ဒါမှ ကိုယ့်အသားအရေကို ထိခိုက်မှုမရှိပဲ အမာရွတ်တွေလည်း အမှန်တကယ် ပျောက်မှာပါ။ တွေ့ရာသုံးမယ်ဆိုရင်တော့ ပိုက်ဆံကုန်ပြီး အကျိုးမရှိဖြစ်မှာပါပဲ။