အချိန်အကြာကြာမတ်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့သူတွေက ခြေထောက်တွေနာကျင်ကိုက်ခဲပြီး မလန်းဆန်းတာမျိုး ဖြစ်တတ်ပါတယ်။ Shoes စီးပြီးရပ်ရတဲ့သူတွေဆိုရင် ခြေသည်းတွေနာတာ၊ ခြေထောက်အသားမာတက်တာ၊ ခြေထောက်အသားအရေ ပျက်စီးတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိန်အကြာကြာမတ်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့သူတွေအနေနဲ့ ပုံမှန်လုပ်ပေးဖို့လိုတဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။

သစ်ကိုင်းခြောက်တွေပုံထားတဲ့အပေါ်၊ ကျောက်တုံးလေးတွေအပေါ်၊ မြက်ခင်းပြင်အပေါ်တွေမှာ ခြေဗလာနဲ့ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ညောင်းကိုက်နေတာတွေ သက်သာပြီး relax ဖြစ်စေပါတယ်။

ခြေထောက်ကို တစ်ပတ်တစ်ခါ (သို့) ၅ ရက် တစ်ခါလောက် exfoliate ပုံမှန်လုပ်ပေးရပါတယ်။ ဒီလိုလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခြေထောက်အသားမာတက်တာ၊ ခြေထောက်အသားအရေ ပျက်စီးတာ၊ ခြေဖနောင့်ကွဲတာမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။

တင်းနစ်ဘောလုံးလေးနဲ့ ခြေထောက်ကို လှိမ့်ပြီး massage လုပ်ပေးရင်လည်း ခြေဖဝါးနာကျင်တာ၊ ညောင်းကိုက်တာတွေ သက်သာစေပြီး relax ဖြစ်စေပါတယ်။

အဝတ်တစ်ခုကိုအောက်ချပြီး အဲ့အပေါ် ခြေထောက်တင်ကာ ခြေချောင်းတွေနဲ့ အဝတ်ကိုကုတ်ယူပြီး ကွေးလိုက်၊ ဆန့်လိုက် လုပ်ပေးရပါတယ်။ ဒါက လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ မတ်တပ်ရပ်တာကြာလို့ ခြေချောင်းလေးတွေ ညောင်းကိုက်နေတာကို သက်သာစေပြီး စိတ်ဖိစီးမှုလည်း လျော့ကျစေပါတယ်။

ခြေထောက်ကို ရေခဲအိတ် ၁၅ မိနစ်လောက် ကပ်ပေးခြင်းကလည်း ခြေထောက်ညောင်းညာကိုက်ခဲတာတွေကို သက်သာစေပါတယ်။

မတ်တပ်ရပ်ရလို့ ပင်ပန်းနေတာတွေ သက်သာပြီး ခြေထောက်အသားအရေ နူးညံ့စေဖို့၊ အသားအရေထိန်းသိမ်းချင်တယ်ဆိုရင် ငှက်ပျောသီးနဲ့ ပေါင်းတင်ပေးပါ။ အရင်ဆုံး ခြေထောက်ကို ရေကြက်သီးနွေးနဲ့စိမ်ပါ။ ပြီးမှ ငှက်ပျောသီးကိုချေပြီး ခြေထောက်မှာပွတ်လိမ်းကာ massage လုပ်ပေးပါ။ ပြီးရင်တော့ ခဏထားပြီး ရေဆေးချလိုက်ရုံပါပဲ။

Shoe ဖိနပ်စီးပြီး မတ်တပ်ရပ်ရတယ်ဆိုရင် ခြေချောင်းထိပ်လေးတွေ၊ ခြေသည်းခွံတွေ နာနေတတ်ပါတယ်။ ဒါကြောင့် ခြေသည်းအရှည်မထားပဲ နည်းနည်းလေးရှည်တာနဲ့ ပုံမှန်ညှပ်ပေးပါ။ ခြေသည်းရှည်ရင် ပိုနာပါတယ်။

source:www.brightside.com