စိတ်ညစ်နေတဲ့အချိန်မှာ ညစ်နေတာတွေအားလုံးကို ချက်ချင်းလျော့ကျသွားအောင် လုပ်ပေးနိုင်မယ့် အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ စိတ်ညစ်ရင် ညစ်တဲ့အတိုင်း မှိုင်တွေပြီး လျှောက်တွေးနေမယ့်အစား ဒီအရာတွေကိုသာ လုပ်လိုက်ပါ။ အကြာကြီးစိတ်ညစ်မခံပါနဲ့။

လမ်းလျှောက်ထွက်ပါ

စိတ်ညစ်နေတဲ့အချိန်မှာ လေကောင်းလေသန့်ရှူရင်းနဲ့ လမ်းလျှောက်ထွက်တာမျိုး လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက စိတ်ပင်ပန်းမှုတွေ၊ စိတ်ညစ်နေတာတွေ ချက်ချင်းလျော့ကျသွားပြီး စိတ်ရောကိုယ်ပါ relax ဖြစ်သွားစေပါတယ်။ မနက်ပိုင်းလမ်းလျှောက်ရင် လေ့ကျင့်ခန်းပါ တွဲလုပ်လို့ရပါတယ်။

မုန့်စားပါ

စိတ်ညစ်နေတဲ့အချိန် stress တွေပိနေတဲ့အချိန်မှာ ကိုယ်စားချင်တဲ့မုန့်တွေကိုသာ စားလိုက်ရရင် စိတ်ကျေနပ်မှုအပြည့်အဝရပြီး စိတ်ညစ်နေတာတွေက ချက်ချင်းလျော့ကျသွားစေပါတယ်။ ဒါကြောင့် အပြင်မထွက်ချင်ရင် အိမ်ကနေမှာစားပါ။ အပြင်ထွက်ချင်ရင် အပြင်ထွက်ပြီး မုန့်လျှောက်စားလိုက်ပါ။ အဖော်မပါလည်း အဆင်ပြေမှာပါ။

ဈေးဝယ်ထွက်ပါ

စိတ်ညစ်နေချိန်မှာ ဈေးဝယ်ထွက်လိုက်ရင်၊ ကိုယ်လိုချင်တာတွေ ဝယ်လိုက်ရရင် စိတ်ပြေသွားတယ်ဆိုတာ တကယ်မှန်ပါတယ်။ စိတ်ပေါ့ပါးသွားစေပါတယ်။ ဒါကြောင့် shopping ထွက်ရတာ ဝါသနာပါတဲ့သူဆို စိတ်ညစ်ရင် လိုချင်တာတွေသာ ဝယ်လိုက်ပါ။ စိတ်ပျော်ရွှင်မှုရပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့တွေ့ပါ

စိတ်ညစ်နေချိန်မှာ သူငယ်ချင်းတွေနဲ့သာ တွေ့လိုက်ရရင် စိတ်ညစ်နေတာတွေ၊ ဝမ်းနည်းနေတာတွေ အားလုံးက ချက်ချင်းပျောက်သွားစေပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားပြီး သောက်စားပျော်ပါးတာပဲဖြစ်ဖြစ်၊ အပြင်မသွားချင်လည်း အိမ်မှာစုပြီး မုန့်တွေစား၊ လုပ်ချင်တာလုပ်ပြီးသာနေပါ။ စိတ်ချမ်းသာပျော်ရွှင်ရပါတယ်။

စိတ်တည်ငြိမ်စေမယ့်အရာတွေကိုလုပ်ပါ

စိတ်ညစ်နေတဲ့အချိန်မှာ စိတ်ညစ်စရာတွေကို ထိုင်ပြီးမတွေးမိဖို့အတွက်၊ ဝမ်းနည်းစိတ်တွေ၊ စိတ်ဓာတ်ကျတာမျိုးတွေ ထပ်မဖြစ်လာစေဖို့အတွက် စိတ်တည်ငြိမ်စေမယ့်အရာတွေကို လုပ်ပေးဖို့လိုပါတယ်။ စိတ်တည်ငြိမ်စေမယ့်အရာတွေကတော့ အများကြီးပါ။ စာဖတ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ချည်ထိုးတာ၊ ပန်းချီဆွဲတာ စတာတွေ အများကြီး လုပ်လို့ရပါတယ်။