အသက်ရှုခြင်းဟာ ကျွန်တော်တို့ စက္ကန့်တိုင်းမှာ လုပ်နေတဲ့ အရာဖြစ်ပြီး အရေးပါဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ သတိရှိတဲ့ အသက်ရှုမှု Mindful Breathing စနစ်ကတော့ ကိုယ်ကာယနဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးများတဲ့ နည်းစနစ်လို့ ဆိုနိုင်ပါတယ်။ သတိရှိရှိ အသက်ရှုမယ်ဆိုရင် အခုပြောမယ့် အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။

(၁) စိတ်ကို ငြိမ်သက်အေးချမ်းစေတယ်

Woman opening her arms and breathing

Photo : Freepik

Mindful Breathing လုပ်ခြင်းအားဖြင့် အာရုံကြောတွေ ပြေလျော့ငြိမ်သက်စေပြီး အနားရစေပါတယ်။ သတိရှိခြင်းကြောင့် စိတ်ဓါတ်အင်အားလည်း အမြဲလန်းဆန်းတက်ကြွနေတတ်ပါတယ်။

(၂) ခံစားချက်တွေ မလွန်ကဲတော့ဘူး

Young woman practicing yoga at home

Photo : Freepik

စိတ်ငြိမ်းချမ်းမှု ရသွားတာနဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ Emotions တွေလည်း အလိုလို ငြိမ်းချမ်းလာပြီး စိတ်အေးလက်အေး ဖြစ်သွားပါတယ်။ စိတ်ခံစားချက် မလွန်ကဲတာကြောင့် ပိုပြီး မှန်ကန်တဲ့အမြင်ကနေ ဘဝကို ရှုမြင်နိုင်မှာပါ။

(၃) ပိုပြီး ကျန်းမာစေတယ်

Brunette girl on the top of the mountain enjoying fresh air

Photo : Freepik

အသက်ကို နက်နက်ရှိုင်းရှိုင်း ရှုခြင်းဟာ အဆုတ်ကို ပိုကြီးမားစေပြီး သွေးလည်ပတ်မှုပိုကောင်းလာစေပါတယ်။ စိတ်ဖိစီးမှု ၊ စိတ်ဓါတ်ကျဆင်းခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းကိုလည်း သက်သာစေလို့ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေလည်း ပိုပြီး ကျန်းမာကြံ့ခိုင်လာနိုင်ပါတယ်။ ဒါ့ကြောင့် သတိရှိတဲ့ အသက်ရှုမှုကို အလေ့အကျင့်တစ်ခုလို လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။