ကျွန်တော်တို့စားနေမိတဲ့ အစားအသောက်တွေထဲမှာ စိုးရိမ်သောကကို ပိုဆိုးစေတဲ့အစားအသောက်တွေ ပါနေတတ်ပါတယ်။အာဟာရပညာရှင်တွေကတော့ အခုပြောမယ့်အစားအသောက်တွေဟာ Anxiety လို့ခေါ်တဲ့ စိတ်ကိုရှုပ်ထွေးပူလောင်စေမှုကို လှုံ့ဆော်ပေးနိုင်တယ်လို့ ပြောကြပါတယ်။
(၁) သကြား
Photo: Freepik
သကြားစားလိုက်မယ်ဆိုရင် သွေးတွင်းဂလူးကို့စ်ဓါတ် တက်စေပါတယ်။ ဂလူးကို့စ်မြင့်တက်ခြင်းဟာ ဦးနှောက်ထဲက နျူရွန်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိအပ်တဲ့ ပရိုတိန်းကို လျော့ကျစေပါတယ်။ ဒီနည်းနဲ့ ခံစားချက် Mood ကို အပြောင်းအလဲ ဖြစ်စေပြီး အကောင်မြင် အတွေးတွေ ကျဆင်းလာစေပြီး စိတ်ရှုပ်ထွေးမှု Level ကို ပိုမြင့လာစေနိုင်ပါတယ်။
(၂) ကဖိန်း
Photo: Freepik
အမေရိကန်တွေအားလုံးရဲ့ ၆၂% ဟာ နေ့တိုင်း ကော်ဖီသောက်ကြပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်ကို သုံးခွက်နဲ့ အထက် သောက်တာ ဖြစ်ပါတယ်။ ကော်ဖီအသောက်များမယ်ဆိုရင် အကောင်းမြင်ဟော်မုန်းလို့ ခေါ်တဲ့ Serotonin ထုတ်လုပ်မှု ကျဆင်းစေပြီး စိုးရိမ်စိတ်နဲ့ ရှုပ်ထွေးညစ်ညူးတဲ့ ခံစားချက်ကို ပိုတိုးစေနိုင်ပါတယ်။
(၃) အသင့်စား အစားအသောက်များ
Photo: Freepik
သံဗူးနဲ့ ထည့်ထားတဲ့ အစားအသောက်တွေကလည်း စိတ်ကျန်းမာရေးအတွက် ကောင်းတဲ့အစားအသောက် မဟုတ်ပါဘူး။ စိတ်ကျန်းမာရွှင်လန်းချင်ရင် လတ်ဆတ်တဲ့ ကောက်ပဲသီးနှံတွေနဲ့ အသီးအရွက်တွေပဲ စားသင့်ပါတယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေနဲ့ ဓါတုပစ္စည်းပါ အစားအစာတွေက ရေရှည်စိတ်ရှုပ်ထွေးမှုနဲ့ စိတ်ခံစားချက် Mood မတည်မငြိမ်ဖြစ်ခြင်းတွေ ခံစားရစေနိုင်ပါတယ်။
(၄) Soy Sauce
Photo: Freepik
Soy Sauce တွေမှာ Gluten ဆိုတဲ့ ဓါတ်တစ်မျိုး ပါတတ်ပါတယ်။ လေ့လာမှုတွေအရ Gluten စားသုံးမှု မြင့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အတွက် သိပ်မကောင်းဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် စိတ်ဓါတ်ကျခြင်းကို ပိုပြီး မြင့်မားလာစေနိုင်ပါတယ်။
(၅) အရက်
Photo: Freepik
အရက်ကတော့ ကျန်းမာရေးအရ တရားဝင် တားမြစ်ထားတဲ့ ထုတ်ကုန်ထဲမှာ ပါပါတယ်။ အရက်သောက်ခြင်းဟာ အိပ်စက်မှုကို ထိခိုက်စေနိုင်ပြီး ရေဓါတ်ခမ်းခြောက်ခြင်း ။ စိတ်ဖိစီးမှုဟော်မုန်းများ တက်လာစေနိုင်ခြင်းဆိုတဲ့ ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။