ကော်ဖီတစ်ခွက်ဟာ နိုးကြားတက်ကြွတဲ့ မနက်ခင်းတစ်ခုအတွက် အဖော်ဖြစ်နိုင်ပါတယ်။ ကော်ဖီရဲ့ သင်းပျံ့ပြီး ခပ်ပြင်းပြင်း ရနံ့ဟာ မနက်ခင်းရဲ့လန်းဆန်းတဲ့ တံခါးတွေကို ဖွင့်ပေးနိုင်စွမ်း ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း ဘာမှမစားရသေးတဲ့အချိန် ဗိုက်ဟောင်းလောင်း ဖြစ်နေတုန်းမှာ ကော်ဖီမသောက်သင့်ပါဘူး။
Photo: VeryWell Mind
လေ့လာမှုတွေအရတော့ မနက်စာမစားခင်မှာ ကော်ဖီသောက်တာထက် မနက်စာ စားပြီးမှ ကော်ဖီသောက်ဖို့ အကြံပြုကြပါတယ်။ မနက်စာမစားခင် ကော်ဖီသောက်ခြင်းဟာ သွေးတွင်းဂလူးဂို့စ်ထိန်းချုပ်မှုကို အန္တရာယ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ယူကေမှာ ရှိတဲ့ University of Bath မှ အာဟာရ ၊ လေ့ကျင့်ခန်းနဲ့ ဇီဝကမ္မဆိုင်ရာ သုတေသီတွေဟာ အိပ်ရေးပျက်ပြီးနောက် ကော်ဖီသောက်ခြင်းရဲ့ သက်ရောက်မှုကို လေ့လာခဲ့တာပါ။
လေ့လာမှုအရ အိပ်ရေးပျက်ခြင်း (အိပ်စက်မှုအရည်အသွေးနိမ့်ခြင်း) ဟာ သွေးထဲ ဂလူးဂို့စ် Levels ပေါ် သက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။ ကော်ဖီသောက်မှသာ သွေးတွင်းဂလူးဂို့စ် Level တက်နိုင်တယ်လို့ ဆိုပါတယ်။
Source : NetDoctor
ဒါကြောင့် မနက်စာမစားခင်မှာ ကော်ဖီသောက်ခြင်းဟာ ကျန်းမာရေးပြဿာနာတွေကိုပါ ယူဆောင်လာနိုင်တာကြောင့် အစာစားပြီးမှ ကော်ဖီသောက်ဖို့ပဲ အကြံပေးလိုက်ပါတယ်။